Chapter (14)

46 7 1
                                    




ညနေကပြန်သွားပြီးနောက် ဆွေးသည် အိမ်ပြန်ရောက်ရောက်ချင်းသူ့ကိုအိမ်ပြန်ရောက်ကြောင်း ဖုန်းဆက်လာသည်။သို့သော် နောက်နေ့တွင်တော့
သူသည် ဖုန်းမဝယ်သေးပေ။ထို့ကြောင့် နှစ်ယောက်သားတွေ့ချင်လျှင် မြေ့သည် အလုပ်ဆင်းလျှင်အိမ်မပြန်သေးဘဲ ဆိုင်တွင်သွားစောင့်နေတတ်သည်။ဆွေး၏အမေကို မျက်နှာလည်းပူတာကြောင့် တစ်ရက်သာသွားစောင့်ပြီး နောက်ရက်တွင်မှတ်တိုင်တွင်သာ စောင့်နေလိုက်သည်။

ဒီနေ့လည်း အဝေးကနေလျှောက်လာသည့် ဆွေးကိုမြင်နေရသည်။ဘေးတွင်တော့ လူတစ်ယောက်ပါလာ၏။ဆွေးနှင့်စကားပြောလာပြီး ရယ်မောပျော်ရွှင်လာသော မိန်းကလေးတစ်ဦးရယ်ပါ။သူ့ကိုမြင်တော့ ဆွေးကလက်ပြလာလေ၏။ဘေးကမိန်းကလေးသည်လည်း သူ့ကိုမြင်သွားသည်။

သူလည်းလက်ပြန်ပြလိုက်ပြီး ထိုင်ရာမှထလိုက်၏။အနားရောက်တော့ မိန်းကလေးသည် ဆွေးကိုနှုတ်ဆက်၍ရှေ့ဆက်လျှောက်သွားသည်။သူနှင့်ဆွေးသာမှတ်တိုင်တွင်မတ်တပ်ရပ်၍ မျက်နှာချင်းဆိုင်မိကြသည်။သူကြည့်နေသည့်အကြည့်၏အဓိပ္ပာယ်ကိုသိသော ဆွေးကတော့ ချက်ခြင်းရှင်းပြလာသည်။

" ဒီနေ့မှအလုပ်ဝင်တဲ့ ကောင်မလေးပါကွာ ၊ အပြန်လမ်းတူလို့ အတူတူပြန်ခဲ့တာ။ဘာအကန့်မှမရှိဘူး ဟုတ်ပြီလား"

" ငါ ဘာမှမမေးရသေးဘူး ၊ လာ တစ်ခုခုသွားစားရအောင် ဗိုက်ဆာနေပြီ"

" ဆိုင်ပဲသွားမယ်လေ "

" ငါ မျက်နှာပူတယ် "

ဆွေးက နားလည်သဘောပေါက်သည်။ထို့ကြောင့် သူတို့တွေခါတိုင်းထိုင်နေကြဆွေးအမေ၏မုန့်ဟင်းခါးဆိုင်တွင်မထိုင်တော့ဘဲ တခြားမုန့်ဆိုင်တွင်သာ သွားထိုင်ဖြစ်ကြသည်။

စားစရာများမှာပြီးတော့ နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။

" ငါတို့မှာ ပြောစရာကုန်ပြီထင်တယ် "

မြေ့က ရယ်၍ပြော၏။ဆွေးကဖြင့် ပြုံးတုံ့တုံ့ဖြင့်မြေ့ကိုကြည့်နေသည်အား အကြည့်မလွှဲသေးပဲ တစိမ့်စိမ့်စိုက်ကြည့်နေဆဲ။သူက ဆိုသည်။

ဆွေးမြေ့ ( Complete )Where stories live. Discover now