44

13 0 0
                                    

Unicode

“လူတစ်ယောက်ကငါ့ကိုအဲ့လောက်ထိချစ်ပေးတာဖြစ်နိုင်လို့လား” ပြတင်းပေါက်အပြင်ဘက်ကြယ်တွေကိုငေးကြည့်ရင်းဝင်လာခဲ့တဲ့အတွေးတစ်ခု

ဘယ်အချိန်ကနေဘယ်လိုစခဲ့သလဲမသိပေမယ့်
“ဘယ်သူမှငါ့ကိုမချစ်နိုင်ပါဘူး” ဆိုတဲ့အတွေးတစ်ခုက အမြဲတမ်းလိုလိုအတွေးထဲဝင်နေတတ်တယ်။

စိတ်ဓာတ်ကျတဲ့အချိန်၊ အထီးကျန်သလိုခံစားရတဲ့အချိန်တွေမှာ ထိန်းလို့မရအောင်ကိုအတွေးလွန်ပြီး ငိုကြွေးနေတတ်တာမျိုး..။

အဲ့လိုအချိန်မှာ ကမ်းလာမယ့်လက်တစ်စုံရှိရင်ကောင်းမှာပဲလို့တွေးမိပြန်တော့လည်း ကိုယ်ကမှအသိ‌မပေးတတ်တာပဲ..ဘယ်သူကနားလည်ပြီးသိပေးနိုင်မလဲ

“စိတ်ထဲအဆင်မပြေဘူး” ဆိုတဲ့စကားက
ဘယ်တော့မှထွက်မလာနိုင်တဲ့စကားမျိုးထင်တယ်
ရင်မဖွင့်တတ်ဘူး မပြောပြတတ်ဘူး
နာကျင်နေရတယ် ခံစားနေရတယ်
ဖော်ထုတ်ပြဖို့ကတော့ အရမ်းကိုခက်ခဲနေတာမျိုး..။

အဆင်မပြေပါဘူး..အော်ထုတ်ချင်မိသေးတယ်
ရင်ဖွင့်လိုက်မိရင် တစ်ဖက်သူအဆင်မပြေမှာစိုးလို့ဆိုတဲ့အကြောင်းပြချက်နဲ့ပဲ တစ်သက်လုံး..။

ကျွန်တော် အဆင်ပြေတော့မယ်မထင်ဘူး။

Zawgyi

“လူတစ္ေယာက္ကငါ့ကိုအဲ့ေလာက္ထိခ်စ္ေပးတာျဖစ္ႏိုင္လို႔လား” ျပတင္းေပါက္အျပင္ဘက္ၾကယ္ေတြကိုေငးၾကည့္ရင္းဝင္လာခဲ့တဲ့အေတြးတစ္ခု

ဘယ္အခ်ိန္ကေနဘယ္လိုစခဲ့သလဲမသိေပမယ့္
“ဘယ္သူမွငါ့ကိုမခ်စ္ႏိုင္ပါဘူး” ဆိုတဲ့အေတြးတစ္ခုက အၿမဲတမ္းလိုလိုအေတြးထဲဝင္ေနတတ္တယ္။

စိတ္ဓာတ္က်တဲ့အခ်ိန္၊ အထီးက်န္သလိုခံစားရတဲ့အခ်ိန္ေတြမွာ ထိန္းလို႔မရေအာင္ကိုအေတြးလြန္ၿပီး ငိုေႂကြးေနတတ္တာမ်ိဳး..။

အဲ့လိုအခ်ိန္မွာ ကမ္းလာမယ့္လက္တစ္စုံရွိရင္ေကာင္းမွာပဲလို႔ေတြးမိျပန္ေတာ့လည္း ကိုယ္ကမွအသိ‌မေပးတတ္တာပဲ..ဘယ္သူကနားလည္ၿပီးသိေပးႏိုင္မလဲ

“စိတ္ထဲအဆင္မေျပဘူး” ဆိုတဲ့စကားက
ဘယ္ေတာ့မွထြက္မလာႏိုင္တဲ့စကားမ်ိဳးထင္တယ္
ရင္မဖြင့္တတ္ဘူး မေျပာျပတတ္ဘူး
နာက်င္ေနရတယ္ ခံစားေနရတယ္
ေဖာ္ထုတ္ျပဖို႔ကေတာ့ အရမ္းကိုခက္ခဲေနတာမ်ိဳး..။

အဆင္မေျပပါဘူး..ေအာ္ထုတ္ခ်င္မိေသးတယ္
ရင္ဖြင့္လိုက္မိရင္ တစ္ဖက္သူအဆင္မေျပမွာစိုးလို႔ဆိုတဲ့အေၾကာင္းျပခ်က္နဲ႔ပဲ တစ္သက္လုံး..။

ကြၽန္ေတာ္ အဆင္ေျပေတာ့မယ္မထင္ဘူး။

Broken But BeautifulWhere stories live. Discover now