Zawgyi Below
Unicode
ဘာအရာမှမတည်မြဲဘူးတဲ့
ဟုတ်ပါတယ်လေ...မတူခြားနားတယ်လို့ထင်ခဲ့တဲ့
ငါတို့နှစ်ယောက်လည်းနောက်ဆုံးဝေးခဲ့ရတာပဲအမှတ်တမဲ့တွေက အမှတ်တရဖြစ်လာတဲ့အခါ
မင်းသဘောကျတတ်တဲ့အရာလေး တွေရှိတဲ့နေရာလေးကိုအမှတ်မထင်ရောက်မိတဲ့အခါမှာတော့အထူးတလည်သတိရမိပါတယ်..။အမြဲသတိရနေတယ်လို့တော့မပြောနိုင်ဘူးလေ
ဘယ်သူကအမြဲသတိရနေတတ်လို့လဲ?
လူတိုင်းကိုယ့်ဘဝနဲ့ကိုယ်မလို့
တိုက်ဆိုင်မှုရှိမှသတိရတတ်တာမျိုး...ငါလည်းအဲ့လိုမျိုးပဲပေါ့
ရုတ်တရက်ပင်ပန်းလာချိန်မျိုးဆို
မင်းပြောခဲ့တဲ့နှစ်သိမ့်စကားတွေပြန်ကြားယောင်မိလို့
မင်းကိုသတိရမိသွားတာမျိုး..။ခိုးကြောင်ခိုးဝှက်ဖုန်းပြောခဲ့ရတဲ့အချိန်တွေလည်း
သတိရမိပါသေးတယ်...မင်းက ငါ့ကိုအရမ်းချစ်ခဲ့တာမဟုတ်လား?
လမ်းခွဲဖြစ်ခဲ့ရင်လည်းဆက်ရှိနေပေးမယ်လို့
ပြောခဲ့တာငါအခုထိမှတ်မိသေးတယ်...မဟုတ်ဘူး...လမ်းခွဲစကားကိုမင်းပြောခဲ့တဲ့နေ့ကလည်း
အဲ့တိုင်းပဲပြောခဲ့တာ ရှိနေပေးမယ်ဆိုပြီးအခုကော? မရှိနေပါဘူး...
လမ်းခွဲပြီးသားချစ်သူနှစ်ယောက်က
အသိမိတ်ဆွေတွေအဖြစ်ဆက်ရှိနေဖို့ဆိုတာ
လွယ်တဲ့ကိစ္စမှမဟုတ်တာပဲတစ်နှစ်ကျော် နှစ်နှစ်နီးပါးလက်တွဲခဲ့တဲ့မင်းကို
ငါကဘယ်လိုမေ့နိုင်ဦးမှာလဲ?လတိုင်းရဲ့ ၂၁ရက်နေ့ရောက်တိုင်းသတိရမိသလို
ရူးကြောင်ကြောင်နဲ့ဖွင့်ပြောဖြစ်ခဲ့တဲ့
အောက်တိုဘာလ ၂၀ရက်နေ့ကိုလည်းတစ်ယောက်တည်းထပ်မဖြတ်သန်းချင်တော့ဘူး...။အစပိုင်းတော့မလွယ်ဘူးပေါ့ကွာ
မင်းမရှိတော့တာဘဲ ၅ လလောက် ရှိနေပြီ
ငါမနေတတ်သေးဘူး...။အခုလိုစာတွေရေးနေတယ်ဆိုတာကလည်း
မင်းတစ်နေရာရာကနေဖတ်နေမယ်လို့
မသိစိတ်ထဲကနေယုံကြည်မိနေတာမလို့..။
YOU ARE READING
Broken But Beautiful
Kurgu OlmayanBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: