Zawgyi Below
Unicode
"မတွေ့တာကြာပြီနော်"ဆိုတဲ့စကားတစ်ခွန်းနဲ့
စတင်လိုက်တဲ့ ငါတို့နှစ်ယောက်ရဲ့စကားဝိုင်း ။မင်းတောင်တော်တော်လူကြီးဆန်လာပြီပဲ
နွားနို့ပဲသောက်တတ်တဲ့ကလေးလေးက
Ice Americano ကို တစိမ့်စိမ့်သောက်တတ်နေပြီ"ခင်ဗျားတော်တော်ပြောင်းလဲသွားတာပဲ"
"အဖြူရောင် Canvas တောင်ဆေးရောင်တွေတင်တာများသွားရင်ရောပြိးအနက်ရောင်ဖြစ်သွားတတ်သေးတာပဲ ငါပြောင်းလဲသွားတာဘာဆန်းလို့လဲ?"
မင်းတောင်ပြောင်းလဲသွားသေးတာပဲ..
မင်းလူကြီးဆန်လွန်းလို့လူကြီးလေးလို့စတတ်တဲ့ငါ
ပြောင်းလဲသွားတာမဆန်းပါဘူး..။"အချိန်တွေလည်းတဖြည်းဖြည်းပြောင်းလဲလာပြီလေ"
ကော်ဖီဆိုင်ရဲ့အပြင်ဘက်မှာမိုးတဖွဲဖွဲကျနေတယ်..။
အညိုရောင်ကုတ်အကျႌနဲ့ကောင်လေးရယ်
အညိုရောင်လက်ဆွဲအိတ်နဲ့ကောင်မလေးရယ်..နှစ်ယောက်သားမပြောဖြစ်ခဲ့တဲ့စကားတချို့ကို
မသိစိတ်ထဲမှာပဲထားရင်း..
တကယ်ရည်ရွယ်မထားတဲ့ခေါင်းစဉ်တွေပဲရွေးပြောနေမိတော့တယ်..။နှလုံးသားအောက်ဆုံးမှာရှိနေတာမျိုးကပြန်ဖော်ရင်မကောင်းဘူးမဟုတ်လား..။
Zawgyi
အညိုရောင်ကုတ်အင်္ကျီနဲ့ကောင်လေးရယ်
YOU ARE READING
Broken But Beautiful
Não FicçãoBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: