Scroll down for Unicode
Zawgyi
တိတ္ဆိတ္ေနျခင္းကဒဏ္ရာေတြကိုကုစားခ်င္လားလို႔ မင္းေမးခဲ့ဖူးတယ္ေနာ္..။
မဟုတ္ဘူးလီယန္ရဲ႕..။
ငါ့အတြက္ေတာ့တိတ္ဆိတ္ေနျခင္းဆိုတာ
႐ွိေနတဲ့ဒဏ္ရာေတြကိုထပ္မတိုးသြားဖို႔
ျပႆနာေတြထပ္မလုပ္ခ်င္မိလို႔ပဲမင္းအတြက္ေတာ့တိတ္ဆိတ္ေနျခင္းက
ဘာအဓိပၸါယ္ဆိုတာ
တျခားသူေတြအတြက္ဘယ္လိုအဓိပၸါယ္႐ွိတယ္ဆိုတာ
ငါေသခ်ာမသိေပမယ့္
ငါ့လိုလူတစ္ေယာက္အတြက္ေတာ့
ျပႆနာေတြထပ္မဖန္တီးခ်င္လို႔ပဲမင္းလည္းသတိထားမိမွာပဲမလား
ငါစကားအမ်ားႀကီးေျပာမိရင္ေတာင္
ငါ့ကိုယ္ငါသတိထားမိခ်ိန္မွာရပ္သြားတတ္တာကို
ဟုတ္တယ္ အဲ့ဒီလိုလုပ္တာကလည္း
ငါ့ဒီစကားအမ်ားႀကီးေျပာတတ္တဲ့အက်င့္ေၾကာင့္
စိတ္ဒဏ္ရာေတြမရခ်င္ေတာ့လို႔ပဲဒါေပမယ့္ငါတစ္ေယာက္တည္းနာက်င္ေနရတာမွ
မဟုတ္တာပဲ..။
ငါတကယ့္ေလာကႀကီးကိုမရင္ဆိုင္ဖူးေသးဘူး
အေတြးလြန္တတ္တဲ့ငါ့လိုလူအတြက္
အနည္းငယ္ခက္ခဲမယ္ဆိုေပမယ့္
ငါလည္းရင္ဆိုင္ရမွာပဲေလ
အရာအားလံုးနဲ႔ေတြ႔ၾကံဳရမွာပဲ
လာမယ့္တစ္ႏွစ္ေက်ာ္ေက်ာ္အခ်ိန္ကေလးအတြင္း
ငါႀကိဳးစားၿပီးတာနဲ႔..
ငါ့ဘဝရဲ႕ပထမဆံုးအခက္အခဲကိုေက်ာ္ျဖတ္ၿပီးတာနဲ႔
မင္းေျပာခဲ့ဖူးသလိုေပါ့ကြာ.."အရာရာတိုင္းမွာတိတ္ဆိတ္ေနလို႔မေကာင္းဘူး"
ငါတိတ္ဆိတ္ေနလို႔မရေတာ့ဘူးေလ..။
မင္းေမးတဲ့ေမးခြန္းတဲ့မဆိုင္တာေတြေျပာမိသလိုပဲ
တာ့တာ လီယန္..မင္းႀကိဳက္တတ္တဲ့
ၾကယ္တာရာပန္းကေလးကိုမင္းအတြက္ထားခဲ့ၿပီး
မင္းမၾကံဳေတြ႔လိုက္ရတဲ့ ၁၅ႏွစ္အရြယ္ကို
မင္းကိုယ္စားငါရင္ဆိုင္ဖို႔သြားေတာ့မယ္..။Unicode
တိတ်ဆိတ်နေခြင်းကဒဏ်ရာတွေကိုကုစားချင်လားလို့ မင်းမေးခဲ့ဖူးတယ်နော်..။
မဟုတ်ဘူးလီယန်ရဲ့..။
ငါ့အတွက်တော့တိတ်ဆိတ်နေခြင်းဆိုတာ
ရှိနေတဲ့ဒဏ်ရာတွေကိုထပ်မတိုးသွားဖို့
ပြဿနာတွေထပ်မလုပ်ချင်မိလို့ပဲမင်းအတွက်တော့တိတ်ဆိတ်နေခြင်းက
ဘာအဓိပ္ပါယ်ဆိုတာ
တခြားသူတွေအတွက်ဘယ်လိုအဓိပ္ပါယ်ရှိတယ်ဆိုတာ
ငါသေချာမသိပေမယ့်
ငါ့လိုလူတစ်ယောက်အတွက်တော့
ပြဿနာတွေထပ်မဖန်တီးချင်လို့ပဲမင်းလည်းသတိထားမိမှာပဲမလား
ငါစကားအများကြီးပြောမိရင်တောင်
ငါ့ကိုယ်ငါသတိထားမိချိန်မှာရပ်သွားတတ်တာကို
ဟုတ်တယ် အဲ့ဒီလိုလုပ်တာကလည်း
ငါ့ဒီစကားအများကြီးပြောတတ်တဲ့အကျင့်ကြောင့်
စိတ်ဒဏ်ရာတွေမရချင်တော့လို့ပဲဒါပေမယ့်ငါတစ်ယောက်တည်းနာကျင်နေရတာမှ
မဟုတ္တာပဲ..။
ငါတကယ့်လောကကြီးကိုမရင်ဆိုင်ဖူးသေးဘူး
အတွေးလွန်တတ်တဲ့ငါ့လိုလူအတွက်
အနည်းငယ်ခက်ခဲမယ်ဆိုပေမယ့်
ငါလည်းရင်ဆိုင်ရမှာပဲလေ
အရာအားလုံးနဲ့တွေ့ကြုံရမှာပဲ
လာမယ့်တစ်နှစ်ကျော်ကျော်အချိန်ကလေးအတွင်း
ငါကြိုးစားပြီးတာနဲ့..
ငါ့ဘဝရဲ့ပထမဆုံးအခက်အခဲကိုကျော်ဖြတ်ပြီးတာနဲ့
မင်းပြောခဲ့ဖူးသလိုပေါ့ကွာ.."အရာရာတိုင်းမှာတိတ်ဆိတ်နေလို့မကောင်းဘူး"
ငါတိတ်ဆိတ်နေလို့မရတော့ဘူးလေ..။
မင်းမေးတဲ့မေးခွန်းတဲ့မဆိုင်တာတွေပြောမိသလိုပဲ
တာ့တာ လီယန်..မင်းကြိုက်တတ်တဲ့
ကြယ်တာရာပန်းကလေးကိုမင်းအတွက်ထားခဲ့ပြီး
မင်းမကြုံတွေ့လိုက်ရတဲ့ ၁၅နှစ်အရွယ်ကို
မင်းကိုယ်စားငါရင်ဆိုင်ဖို့သွားတော့မယ်..။
YOU ARE READING
Broken But Beautiful
No FicciónBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: