48

5 0 0
                                    

မဆီမဆိုင်သတိရမိတဲ့ညတွေရှိတယ်။
တစ်ခုခုကိုလုပ်နေရင်း မင်းအကြောင်းတွေးမိလိုက်ရင်
အကုန်အလွဲလွဲအချော်ချော်ဖြစ်သွားတတ်တဲ့ညတွေပေါ့။

သီချင်းတစ်ပုဒ်ကိုနားထောင်မိတဲ့အခါ စာသားတွေကမင်းအကြောင်းကိုရေးဖွဲ့ထားသလိုဖြစ်တဲ့အချိန်မျိုးမှာလည်း ပြန်တွေးမိသေးတယ်။ အဲ့တုန်းက မာနတွေအရမ်းမထားခဲ့ကြရင် ငါတို့အဆင်ပြေနေလောက်မလားလို့ပေါ့။

ငါကပဲအရမ်းတွယ်ကပ်မိခဲ့တာလား။
မင်းပြောလိုက်တဲ့စကားလုံးတွေတစ်ခုချင်းကို လိုက်တွေးမိပြီး တစ်ဖက်သတ်ပဲနာကျင်နေခဲ့မိတာလား။

အတူရှိခဲ့ကြတာရက်ပိုင်းလေးမှမဟုတ်တာပဲ။
မင်းလည်းသေချာပေါက်ငါ့အကြောင်းကိုတွေးမိနေမယ်မလား။ ဒါမှမဟုတ် ဒါကလည်းငါ့ရဲ့အတွေးလွန်နေခြင်းတွေထဲကတစ်ခုပဲဖြစ်နေမလား။

မင်းအတန်တန်သတိပေးခဲ့တဲ့ကြားထဲက ငါရှေ့ဆက်မတိုးမိခဲ့ရင်ရော ငါတို့အဆင်ပြေနေလောက်လား။ မခေါ်နိုင်မပြောနိုင်ဖြစ်သွားရလောက်တဲ့အထိ ငါတို့ကြားမှာကိစ္စအကြီးအမားမှမရှိခဲ့တာပဲ။

အဆင်ပြေမနေဘူး။
မင်းမရှိတဲ့နေရာမှာတစ်ယောက်တည်းနေသားမကျနိုင်သေးဘူး။
အဲ့တုန်းကတည်းကပွင့်ပွင့်လင်းလင်း အဆင်မပြေကြောင်းပြောပြဖြစ်ခဲ့ရင်လည်းကောင်းသား။

-

မဆီမဆိုင္သတိရမိတဲ့ညေတြရွိတယ္။
တစ္ခုခုကိုလုပ္ေနရင္း မင္းအေၾကာင္းေတြးမိလိုက္ရင္
အကုန္အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္သြားတတ္တဲ့ညေတြေပါ့။

သီခ်င္းတစ္ပုဒ္ကိုနားေထာင္မိတဲ့အခါ စာသားေတြကမင္းအေၾကာင္းကိုေရးဖြဲ႕ထားသလိုျဖစ္တဲ့အခ်ိန္မ်ိဳးမွာလည္း ျပန္ေတြးမိေသးတယ္။ အဲ့တုန္းက မာနေတြအရမ္းမထားခဲ့ၾကရင္ ငါတို႔အဆင္ေျပေနေလာက္မလားလို႔ေပါ့။

ငါကပဲအရမ္းတြယ္ကပ္မိခဲ့တာလား။
မင္းေျပာလိုက္တဲ့စကားလုံးေတြတစ္ခုခ်င္းကို လိုက္ေတြးမိၿပီး တစ္ဖက္သတ္ပဲနာက်င္ေနခဲ့မိတာလား။

အတူရွိခဲ့ၾကတာရက္ပိုင္းေလးမွမဟုတ္တာပဲ။
မင္းလည္းေသခ်ာေပါက္ငါ့အေၾကာင္းကိုေတြးမိေနမယ္မလား။ ဒါမွမဟုတ္ ဒါကလည္းငါ့ရဲ႕အေတြးလြန္ေနျခင္းေတြထဲကတစ္ခုပဲျဖစ္ေနမလား။

မင္းအတန္တန္သတိေပးခဲ့တဲ့ၾကားထဲက ငါေရွ႕ဆက္မတိုးမိခဲ့ရင္ေရာ ငါတို႔အဆင္ေျပေနေလာက္လား။ မေခၚႏိုင္မေျပာႏိုင္ျဖစ္သြားရေလာက္တဲ့အထိ ငါတို႔ၾကားမွာကိစၥအႀကီးအမားမွမရွိခဲ့တာပဲ။

အဆင္ေျပမေနဘူး။
မင္းမရွိတဲ့ေနရာမွာတစ္ေယာက္တည္းေနသားမက်ႏိုင္ေသးဘူး။
အဲ့တုန္းကတည္းကပြင့္ပြင့္လင္းလင္း အဆင္မေျပေၾကာင္းေျပာျပျဖစ္ခဲ့ရင္လည္းေကာင္းသား။

You've reached the end of published parts.

⏰ Last updated: Mar 15 ⏰

Add this story to your Library to get notified about new parts!

Broken But BeautifulWhere stories live. Discover now