15

40 8 4
                                    

Unicode Below

Zawgyi

ေကာင္းပင္ျပာႀကီးကိုေမာ့ၾကည့္ရင္း
မင္းကိုလြမ္းလာျပန္တယ္..
မင္းကဒီေကာင္းကင္ျပာႀကီးကိုအရမ္းသေဘာက်တာမလား..?

မင္းအေၾကာင္းကိုေတြးမိျပန္ေတာ့
ငါတို႔ႏွစ္ေယာက္ရဲ႕အေၾကာင္းကေနာက္ဆက္တြဲပါလာျပန္တယ္ေပါ့..။

ဘယ္အခ်ိန္ကစမလဲ..?
လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္ကထင္တယ္
မင္းနဲ႕တစ္ညလုံး စကားေျပာရင္း
ငါမေနနိုင္မထိုင္နိုင္ဖြင့္ေျပာမိတာေလ..

ျပန္ေတြးမိေတာ့ရယ္ခ်င္စရာပါပဲ..
တစ္ဖက္ကေတြးၾကည့္ရင္ေတာ့
ငါ့ေ႐ြးခ်ယ္မႈမွန္သြားခဲ့တယ္ေပါ့..။

မင္းေလာက္ငါ့ကိုနားလည္ေပးနိုင္သူမရွိခဲ့ဖူးသလို..ရွိလာမွာလည္းမဟုတ္ေလာက္ဘူး
ငါ့႐ူးမိုက္မႈေၾကာင့္လူတခ်ိဳ႕ငါ့အနားကထြက္သြားခဲ့ၾကဖူးေပမယ့္ အဲ့အခ်ိန္မွာလည္း မင္းကငါ့အနားမွာပဲ ငါ့ကိုႏွစ္သိမ့္ရင္းေနခဲ့တယ္..။

ငါမင္းကိုအရမ္းလြမ္းတဲ့ေန႕တုန္းက
မင္းကိုျပႆနာရွာမိမလိုေတာင္ျဖစ္သြားေသးတယ္ေနာ္..?
ေသခ်ာေတြးၾကည့္ေတာ့
မင္းငါ့ကိုအဲ့တစ္ခါပဲစိတ္တိုဖူးတာေနာ္..?

"ငါ့ျဖစ္တည္မႈကမင္းအတြက္ပဲ" ဆိုတဲ့စကားတစ္ခြန္းေၾကာင့္ ငါပိုငိုမိသြားတာမင္းကိုမေျပာျဖစ္ခဲ့ပါဘူး..။
အဲ့ညကအရမ္းငိုမိလို႔ေနာက္တစ္ေန႕မ်က္လုံးေတြေဖာင္းေနတာကိုလည္းငါမေျပာျဖစ္ခဲ့ပါဘူး..။

မင္းကငါစိတ္ထိခိုက္မွာ၊ ဝမ္းနည္းမွာမလိုခ်င္သလို ငါကလည္း မင္းစိတ္မေကာင္းျဖစ္မွာမလိုခ်င္ဘူးေလ..။

ဟူး..ဒီေန႕လည္းေကာင္းကင္ျပာႀကီးကိုၾကည့္ရင္း စာေရးရတာသေဘာက်တဲ့ဒီေကာင္မေလးက မင္းကိုလြမ္းရင္းစာေတြေရးမိေနျပန္ၿပီ...။

Unicode

ကောင်းပင်ပြာကြီးကိုမော့ကြည့်ရင်း
မင်းကိုလွမ်းလာပြန်တယ်..
မင်းကဒီကောင်းကင်ပြာကြီးကိုအရမ်းသဘောကျတာမလား..?

မင်းအကြောင်းကိုတွေးမိပြန်တော့
ငါတို့နှစ်ယောက်ရဲ့အကြောင်းကနောက်ဆက်တွဲပါလာပြန်တယ်ပေါ့..။

ဘယ်အချိန်ကစမလဲ..?
လွန်ခဲ့တဲ့ ၂နှစ်လောက်ကထင်တယ်
မင်းနဲ့တစ်ညလုံး စကားပြောရင်း
ငါမနေနိုင်မထိုင်နိုင်ဖွင့်ပြောမိတာလေ..

ပြန်တွေးမိတော့ရယ်ချင်စရာပါပဲ..
တစ်ဖက်ကတွေးကြည့်ရင်တော့
ငါ့ရွေးချယ်မှုမှန်သွားခဲ့တယ်ပေါ့..။

မင်းလောက်ငါ့ကိုနားလည်ပေးနိုင်သူမရှိခဲ့ဖူးသလို..ရှိလာမှာလည်းမဟုတ်လောက်ဘူး
ငါ့ရူးမိုက်မှုကြောင့်လူတချို့ငါ့အနားကထွက်သွားခဲ့ကြဖူးပေမယ့် အဲ့အချိန်မှာလည်း မင်းကငါ့အနားမှာပဲ ငါ့ကိုနှစ်သိမ့်ရင်းနေခဲ့တယ်..။

ငါမင်းကိုအရမ်းလွမ်းတဲ့နေ့တုန်းက
မင်းကိုပြဿနာရှာမိမလိုတောင်ဖြစ်သွားသေးတယ်နော်..?
သေချာတွေးကြည့်တော့
မင်းငါ့ကိုအဲ့တစ်ခါပဲစိတ်တိုဖူးတာနော်..?

"ငါ့ဖြစ်တည်မှုကမင်းအတွက်ပဲ" ဆိုတဲ့စကားတစ်ခွန်း​ကြောင့် ငါပိုငိုမိသွားတာမင်းကိုမပြောဖြစ်ခဲ့ပါဘူး..။
အဲ့ညကအရမ်းငိုမိလို့နောက်တစ်နေ့မျက်လုံးတွေဖောင်းနေတာကိုလည်းငါမပြောဖြစ်ခဲ့ပါဘူး..။

မင်းကငါစိတ်ထိခိုက်မှာ၊ ဝမ်းနည်းမှာမလိုချင်သလို ငါကလည်း မင်းစိတ်မကောင်းဖြစ်မှာမလိုချင်ဘူးလေ..။

ဟူး..ဒီနေ့လည်းကောင်းကင်ပြာကြီးကိုကြည့်ရင်း စာရေးရတာသဘောကျတဲ့ဒီကောင်မလေးက မင်းကိုလွမ်းရင်းစာတွေရေးမိနေပြန်ပြီ...။

Broken But BeautifulWhere stories live. Discover now