Zawgyi Below
(Unicode)
ကော်ဖီအရမ်းကြိုက်တဲ့ကောင်လေးရေ
မင်းတော့မမှတ်မိလောက်ပါဘူး
လွန်ခဲ့တဲ့နှစ်နှစ်လောက်က
မင်းနောက်ဆုံးတွေ့ခဲ့တဲ့ဒီကလေးမလေးကလေ
မင်းစကားကိုနားထောင်ခဲ့တဲ့ကလေးမလေးကလေ
အရမ်းဆိုးလာတာသိလား?ပြီးတော့အရင်လိုကလေးမဆန်တော့ဘူး
နည်းနည်းတော့ရင့်ကျက်လာတယ်ဆိုပေမယ့်
အတွေးလွန်ပြီးလုပ်ချင်တာတွေလုပ်နေတုန်း
စိတ်တောင်နည်းနည်းလွတ်နေပြီးလားမသိဘူးနာမှာကိုကြောက်လို့လက်ဆစ်တောင်မချိူးခဲ့တာသိတယ်မလား?
အခုလေ အဲ့လိုမကြောက်တော့တဲ့အပြင်
မနေ့ကတောင်ကိုယ့်ကိုယ်ကိုအသုံးမကျဘူးဆိုပြီး
အုတ်နံရံကိုလက်သီးနဲ့ထိုးပစ်တယ်တဲ့
အဲ့လောက်နာမယ်မှန်းမသိခဲ့ဘူးအဲ့လောက်ထိနာတယ်ဆိုတာ
မင်းပြောပြပေးခဲ့သင့်တယ်
သွေးတွေလည်းတော်တော်ထွက်တယ်သိလား?
အရမ်းနာတာပဲ..
အုတ်နံရံမှာလည်းသွေးတွေနဲ့ချည်းပဲ
လက်တစ်ဖက်လုံးကော..။မင်းမရှိတော့တဲ့နောက်
အထိန်းအကွပ်မရှိလုပ်ချင်တာလုပ်နေတာ..။နောက်တစ်ယောက်ထပ်ရှာဖို့ကြံခဲ့ပါသေးတယ်
ဘယ်သူမှမင်းလောက်ငါ့အပေါ်ဂရုမစိုက်ဘူးငါဘာတွေပြောနေမိပြန်ပြီလဲ?
ငါ့အကျင့်အတိုင်းငါ့အကြောင်းငါပဲပြောနေမိပြန်ပြီကော်ဖီအရမ်းကြိုက်တဲ့ကောင်လေးရေ
ကော်ဖီလည်းသိပ်မသောက်နဲ့ဦး
ရေသောက်တာကောင်းတယ်လေ
မင်းငါ့ကိုကော်ဖီမသောက်ဘဲရေပဲသောက်ခိုင်းသလိုပေါ့
မင်းလည်းရေများများသောက်
ကော်ဖီလျှော့တော့..။အများကြီးသဘောကျခဲ့သလောက်
အခုထိကိုဂရုစိုက်မိပြီး
တစ်ခုခုဖြစ်တိုင်းလာပြောချင်မိတာမလို့
တောင်းပန်ပါတယ်..။(Zawgyi)
ေကာ္ဖီအရမ္းႀကိဳက္တဲ့ေကာင္ေလးေရ
မင္းေတာ့မမွတ္မိေလာက္ပါဘူး
လြန္ခဲ့တဲ့ႏွစ္ႏွစ္ေလာက္က
မင္းေနာက္ဆုံးေတြ႕ခဲ့တဲ့ဒီကေလးမေလးကေလ
မင္းစကားကိုနားေထာင္ခဲ့တဲ့ကေလးမေလးကေလ
အရမ္းဆိုးလာတာသိလား?ၿပီးေတာ့အရင္လိုကေလးမဆန္ေတာ့ဘူး
နည္းနည္းေတာ့ရင့္က်က္လာတယ္ဆိုေပမယ့္
အေတြးလြန္ၿပီးလုပ္ခ်င္တာေတြလုပ္ေနတုန္း
စိတ္ေတာင္နည္းနည္းလြတ္ေနၿပီးလားမသိဘူးနာမွာကိုေၾကာက္လို႔လက္ဆစ္ေတာင္မခ်ိဴးခဲ့တာသိတယ္မလား?
အခုေလ အဲ့လိုမေၾကာက္ေတာ့တဲ့အျပင္
မေန႔ကေတာင္ကိုယ့္ကိုယ္ကိုအသုံးမက်ဘူးဆိုၿပီး
အုတ္နံရံကိုလက္သီးနဲ႔ထိုးပစ္တယ္တဲ့
အဲ့ေလာက္နာမယ္မွန္းမသိခဲ့ဘူးအဲ့ေလာက္ထိနာတယ္ဆိုတာ
မင္းေျပာျပေပးခဲ့သင့္တယ္
ေသြးေတြလည္းေတာ္ေတာ္ထြက္တယ္သိလား?
အရမ္းနာတာပဲ..
အုတ္နံရံမွာလည္းေသြးေတြနဲ႔ခ်ည္းပဲ
လက္တစ္ဖက္လုံးေကာ..။မင္းမရွိေတာ့တဲ့ေနာက္
အထိန္းအကြပ္မရွိလုပ္ခ်င္တာလုပ္ေနတာ..။ေနာက္တစ္ေယာက္ထပ္ရွာဖို႔ႀကံခဲ့ပါေသးတယ္
ဘယ္သူမွမင္းေလာက္ငါ့အေပၚဂ႐ုမစိုက္ဘူးငါဘာေတြေျပာေနမိျပန္ၿပီလဲ?
ငါ့အက်င့္အတိုင္းငါ့အေၾကာင္းငါပဲေျပာေနမိျပန္ၿပီေကာ္ဖီအရမ္းႀကိဳက္တဲ့ေကာင္ေလးေရ
ေကာ္ဖီလည္းသိပ္မေသာက္နဲ႔ဦး
ေရေသာက္တာေကာင္းတယ္ေလ
မင္းငါ့ကိုေကာ္ဖီမေသာက္ဘဲေရပဲေသာက္ခိုင္းသလိုေပါ့
မင္းလည္းေရမ်ားမ်ားေသာက္
ေကာ္ဖီေလွ်ာ့ေတာ့..။အမ်ားႀကီးသေဘာက်ခဲ့သေလာက္
အခုထိကိုဂ႐ုစိုက္မိၿပီး
တစ္ခုခုျဖစ္တိုင္းလာေျပာခ်င္မိတာမလို႔
ေတာင္းပန္ပါတယ္..။

YOU ARE READING
Broken But Beautiful
Non-FictionBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: