31

24 6 2
                                    

Unicode

တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော
ရူးမိုက်လွန်းတယ်ပဲပြောပြော
ခင်ဗျားကိုကျွန်တော်ကလွဲရင်
ဘယ်သူမှမပိုင်ဆိုင်စေချင်ဘူး
အရမ်းချစ်ခဲ့မိလို့လားမသိဘူး
ခင်ဗျားတခြားတစ်ယောက်နဲ့ပျော်နေတာမျိုးမြင်ရရင်
မကြိုက်ဘူး...ရှင်းရှင်းပြောရရင်မုန်းတယ်

လက်လွှတ်နိုင်ခဲ့ပြီထင်ခဲ့တာ
မဟုတ်ဘူး..
ကျွန်တော်အဆင်မပြေဘူး
ညညဆိုမျက်ရည်တွေကြားမှာ
အသံတိတ်ငိုနေမိတယ်..။

ငိုရတာအဆင်မပြေဘူးခင်ဗျားရယ်
တစ်ခါတလေတော့လည်း
အော်ငိုချင်မိတာအမှန်ပဲ
မွန်းကြပ်လွန်းတယ်..
ဒီရင်ဘတ်ကြီးထဲအောင့်သက်သက်နဲ့
အဆင်ပြေမနေဘူး..။

ကျွန်တော်အဆင်မပြေလည်း
ခင်ဗျားအဆင်ပြေနေတာမြင်ရတော့
စိတ်ချမ်းသာရပါတယ် ။

အရင်လိုကိုယ့်ဘာသာကိုယ်ခံစားမနေနဲ့ဦး
ရင်ဖွင့်တာလေးဘာလေးလုပ်
မဟုတ်ရင် ခင်ဗျားကောင်မလေးနဲ့ပြဿနာတက်မယ်
သူ့ကိုစကားတော့ပုံမှန်ပြောပေါ့

စကားကောင်းကောင်းလေးတွေပဲပြောပေးချင်တာပါ
အကောင်းဆုံးကိုပဲပြပေးချင်ခဲ့တာပါ
ဒါပေမယ့် ကျွန်တော်ကဒဏ်ရာတွေများနေတာမလို့
အပေါ်ကနေမိတ်ကပ်နဲ့ဖုံးဖို့တောင်
မလုံလောက်တော့လို့ ။

အာ..မသိတော့ပါဘူးဗျာ
ကျွန်တော်လည်းပြောချင်တာတွေရောကုန်ပြီ
ခင်ဗျားလည်းကောင်မလေးနဲ့အဆင်ပြေပါစေ
ကျွန်တော်ကလည်းနာကျင်ရင်းနေနေမယ်ပေါ့
မကျေနပ်နေလည်းမတတ်နိုင်တာပဲ ။

ပျော်ပါစေခင်ဗျားရယ်
ကျွန်တော်ကတော့ညတိုင်းငိုနေဦးမယ် ။ ။

Zawgyi

တစ္ကိုယ္ေကာင္းဆန္တယ္ပဲေျပာေျပာ
႐ူးမိုက္လြန္းတယ္ပဲေျပာေျပာ
ခင္ဗ်ားကိုကြၽန္ေတာ္ကလြဲရင္
ဘယ္သူမွမပိုင္ဆိုင္ေစခ်င္ဘူး
အရမ္းခ်စ္ခဲ့မိလို႔လားမသိဘူး
ခင္ဗ်ားတျခားတစ္ေယာက္နဲ႕ေပ်ာ္ေနတာမ်ိဳးျမင္ရရင္
မႀကိဳက္ဘူး...ရွင္းရွင္းေျပာရရင္မုန္းတယ္

လက္လႊတ္နိုင္ခဲ့ၿပီထင္ခဲ့တာ
မဟုတ္ဘူး..
ကြၽန္ေတာ္အဆင္မေျပဘူး
ညညဆိုမ်က္ရည္ေတြၾကားမွာ
အသံတိတ္ငိုေနမိတယ္..။

ငိုရတာအဆင္မေျပဘူးခင္ဗ်ားရယ္
တစ္ခါတေလေတာ့လည္း
ေအာ္ငိုခ်င္မိတာအမွန္ပဲ
မြန္းၾကပ္လြန္းတယ္..
ဒီရင္ဘတ္ႀကီးထဲေအာင့္သက္သက္နဲ႕
အဆင္ေျပမေနဘူး..။

ကြၽန္ေတာ္အဆင္မေျပလည္း
ခင္ဗ်ားအဆင္ေျပေနတာျမင္ရေတာ့
စိတ္ခ်မ္းသာရပါတယ္ ။

အရင္လိုကိုယ့္ဘာသာကိုယ္ခံစားမေနနဲ႕ဦး
ရင္ဖြင့္တာေလးဘာေလးလုပ္
မဟုတ္ရင္ ခင္ဗ်ားေကာင္မေလးနဲ႕ျပႆနာတက္မယ္
သူ႕ကိုစကားေတာ့ပုံမွန္ေျပာေပါ့

စကားေကာင္းေကာင္းေလးေတြပဲေျပာေပးခ်င္တာပါ
အေကာင္းဆုံးကိုပဲျပေပးခ်င္ခဲ့တာပါ
ဒါေပမယ့္ ကြၽန္ေတာ္ကဒဏ္ရာေတြမ်ားေနတာမလို႔
အေပၚကေနမိတ္ကပ္နဲ႕ဖုံးဖို႔ေတာင္
မလုံေလာက္ေတာ့လို႔ ။

အာ..မသိေတာ့ပါဘူးဗ်ာ
ကြၽန္ေတာ္လည္းေျပာခ်င္တာေတြေရာကုန္ၿပီ
ခင္ဗ်ားလည္းေကာင္မေလးနဲ႕အဆင္ေျပပါေစ
ကြၽန္ေတာ္ကလည္းနာက်င္ရင္းေနေနမယ္ေပါ့
မေက်နပ္ေနလည္းမတတ္နိုင္တာပဲ ။

ေပ်ာ္ပါေစခင္ဗ်ားရယ္
ကြၽန္ေတာ္ကေတာ့ညတိုင္းငိုေနဦးမယ္ ။ ။

Broken But BeautifulWhere stories live. Discover now