2

507 31 1
                                    

Scroll Down For Unicode

Zawgyi

ညသန္းေခါင္ေက်ာ္..
ထူးထူးျခားျခားမင္းအေၾကာင္းေတြးမိတယ္

အရမ္းခ်စ္ခဲ့တဲ့ေကာင္ေလးတစ္ေယာက္
အခုဆိုမင္းမွာဆိုင္သူ႐ွိေနေလာက္ၿပီေပါ့

မွတ္မိေသးတယ္..
မင္းနဲ႔ငါစေတြ႔ခဲ့တဲ့ရက္ကို

မိုးျပာေရာင္ေကာင္းကင္က်ယ္ႀကီးေအာက္မွာ
မိုးျပာေရာင္တီ႐ွပ္နဲ႔မင္းကိုစတင္ေတြ႔ဆံုခဲ့တယ္

ငါကိုယ္ငါ႐ွပ္ျပာျပာႏိုင္တာကိုအရမ္းမုန္းခဲ့ဖူးတာ
ေသခ်ာစဥ္းစားၾကည့္တာ
အဲ့ဒါေၾကာင့္ပဲငါမင္းကိုဝင္တိုက္မိခဲ့တာေလ

ဝင္မတိုက္မိခဲ့ရင္မင္းကိုငါသိစရာအေၾကာင္းလည္း
လံုးဝ႐ွိလာမွာမဟုတ္ဘူး..။

မင္းမွတ္မိဦးမလားမသိဘူး
ငါ့ကိုဂစ္တာတီးခိုင္းၿပီး
မင္းအသံခ်ိဳခ်ိဳေလးနဲ႔သီခ်င္းဆိုခဲ့တဲ့ရက္​ေတြကို..

ငါပဲ႐ူးသလားေတာ့မသိဘူး
အခုဆိုမင္းနဲ႔ေဝးခဲ့ၿပီးေနာက္
ဂစ္တာေတာင္ေကာင္းေကာင္းမတီးျဖစ္ေတာ့ဘူး..

မင္းကိုဂစ္တာတီးနည္းသင္ေပးခဲ့လို႔လားပဲ
တျခားသူေတြကိုျပန္မသင္ေပးျဖစ္ေတာ့ဘူး

မင္းေကာ..အခုဆို မင္းေကာင္မေလးကို
ဂစ္တာေလးတစ္လက္နဲ႔သီခ်င္းဆိုျပေနၿပီလား?
အဲ့လိုလုပ္ေနၿပီဆို
ငါသင္ေပးခဲ့တာအက်ိဳး႐ွိတယ္ေျပာရမွာေပါ့

မင္းမသိ​ေလာက္​ေပမယ့္
ငါအရမ္းေပ်ာ္ခဲ့ဖူးတယ္..။

မေျပာျပဖူးေပမယ့္႐ွိခဲ့ဖူးတယ္..
မင္းနဲ႔အတူ႐ွိခဲ့တဲ့အေပ်ာ္ရဆံုးေသာေန႔ရက္ေတြ..။

Unicode

ညသန်းခေါင်ကျော်..
ထူးထူးခြားခြားမင်းအကြောင်းတွေးမိတယ်

အရမ်းချစ်ခဲ့တဲ့ကောင်လေးတစ်ယောက်
အခုဆိုမင်းမှာဆိုင်သူရှိနေလောက်ပြီပေါ့

မှတ်မိသေးတယ်..
မင်းနဲ့ငါစတွေ့ခဲ့တဲ့ရက်ကို

မိုးပြာရောင်ကောင်းကင်ကျယ်ကြီးအောက်မှာ
မိုးပြာရောင်တီရှပ်နဲ့မင်းကိုစတင်တွေ့ဆုံခဲ့တယ်

ငါကိုယ်ငါရှပ်ပြာပြာနိုင်တာကိုအရမ်းမုန်းခဲ့ဖူးတာ
သေချာစဉ်းစားကြည့်တာ
အဲ့ဒါကြောင့်ပဲငါမင်းကိုဝင်တိုက်မိခဲ့တာလေ

ဝင်မတိုက်မိခဲ့ရင်မင်းကိုငါသိစရာအကြောင်းလည်း
လုံးဝရှိလာမှာမဟုတ်ဘူး..။

မင်းမှတ်မိဦးမလားမသိဘူး
ငါ့ကိုဂစ်တာတီးခိုင်းပြီး
မင်းအသံချိုချိုလေးနဲ့သီချင်းဆိုခဲ့တဲ့ရက်​တွေကို..

ငါပဲရူးသလားတော့မသိဘူး
အခုဆိုမင်းနဲ့ဝေးခဲ့ပြီးနောက်
ဂစ်တာတောင်ကောင်းကောင်းမတီးဖြစ်တော့ဘူး..

မင်းကိုဂစ်တာတီးနည်းသင်ပေးခဲ့လို့လားပဲ
တခြားသူတွေကိုပြန်မသင်ပေးဖြစ်တော့ဘူး

မင်းကော..အခုဆို မင်းကောင်မလေးကို
ဂစ်တာလေးတစ်လက်နဲ့သီချင်းဆိုပြနေပြီလား?
အဲ့လိုလုပ်နေပြီဆို
ငါသင်ပေးခဲ့တာအကျိုးရှိတယ်ပြောရမှာပေါ့

မင်းမသိ​လောက်​ပေမယ့်
ငါအရမ်းပျော်ခဲ့ဖူးတယ်..။

မပြောပြဖူးပေမယ့်ရှိခဲ့ဖူးတယ်..
မင်းနဲ့အတူရှိခဲ့တဲ့အပျော်ရဆုံးသောနေ့ရက်တွေ..။

Broken But BeautifulWhere stories live. Discover now