28

31 5 0
                                    

Zawgyi Below

(Unicode)

မနာကျင်တတ်တော့တာလားဆိုတော့
မဟုတ္ဘူး..။
မခံစားတတ်တော့တာလည်းမဟုတ်ပြန်ဘူး
ဒီတိုင်း နေသားကျသွားခဲ့တာ
မင်းမရှိတဲ့အရပ်မှာနေသားကျသွားခဲ့တာ
တစ်နေ့တစ်နေ့ ဂျီကျစရာမင်းမရှိလည်း
ငါအဆင်ပြေနေခဲ့တာမလို့

မင်းဘက်ကလမ်းခွဲစကားပြောတုန်းက
ငါမတုန်လှုပ်ခဲ့ဘူးဆိုရင်မင်းယုံမလား

ငါထင်ထားခဲ့တယ် မင်းပြောလာလိမ့်မယ်လို့
ပြန်ပြေလည်ဖို့မကြိုးစားတော့ဘဲ
အခုလိုလမ်းကိုမြန်မြန်ရွေးချယ်မယ်လို့တော့
မထင်ထားခဲ့ဘူး ။ ။

ငါ့ပျော်ရွှင်ခြင်းတွေရဲ့အကြောင်းပြချက်က
မင်းဖြစ်ခဲ့တယ်
ငါ့ဝမ်းနည်းခြင်းတွေကလည်းမင်းကြောင့်
ငါလိမ္မာလာတာကလည်းမင်းကြောင့်ပဲ

ဘဝမှာတွေ့ရှိခဲ့တဲ့အကောင်းဆုံးအရာကိုပြောပါဆိုရင်ရှင်းပါတယ်အဲ့ဒါမင်းပဲ ။

ငါမငိုပါဘူးမလွမ်းပါဘူးဆိုရင်လိမ်ရာကျလိမ့်မယ်
သတိရမိပါတယ်
တိုက်ဆိုင်မှုတွေရှိခဲ့ရင်

ဒါပေမယ့်ထင်ထားတာထက်အဆင်ပြေခဲ့တယ်
နေ့တိုင်းနာကျင်ရမယ်လို့ထင်ထားခဲ့တာ

မင်းလည်းအကောင်းဆုံးလမ်းကို
ရွေးသွားခဲ့တာထင်တယ်
ရှေ့ဆက်ပြီးမှပိုနာကျင်ရတာထက်
ပိုပြီးသံယောဇဉ်မတွယ်ခင်
ပိုပြီးမချစ်မိသွားခင်မှာအခုလိုလုပ်ခဲ့တာမလို့

မင်းကတော့တွေးနေမှာပဲ
ငါကအပေါင်းအသင်းများလို့
အဆင်ပြေနေမှာပါဆိုပြီးတော့

အပေါင်းအသင်းကမင်းထင်သလောက်မများဘူး
ငါလည်းမင်းထင်ထားသလောက်
အဆင်ပြေနေတာမဟုတ်ဘူး
ငါထင်ထားတာထက်ပဲအဆင်ပြေနေတာ

ဒါတွေကလည်း
တစ်ချိန်ပြန်ကြည့်ရင်ဟာသတွေပါပဲ
မင်းနဲ့ငါဘဝတစ်ကွေ့မှာငြိစွန်းခဲ့ကြဖူးတယ်ပေါ့
ဒါပါပဲ..။

နောက်နှစ်တွေအများကြီးကြာသွားရင်
မင်းကပိုကောင်းတဲ့သူကိုရှာတွေ့ချင်တွေ့နေမှာ
ငါကလည်းမင်းကိုသတိရချင်မှရတော့မှာ
ဒါမှမဟုတ်တစ်ခါတလေသတိရပြီး
အခုလိုစာတွေရေးချင်ရေးနေမိမှာ

ချစ်ခဲ့ကြဖူးတယ်ပေါ့ကွာ
ရူးရူးမိုက်မိုက်ဖြစ်ခဲ့ကြဖူးတယ်ပေါ့
ဒီလောက်ပါပဲ ။ ။

(Zawgyi)

မနာက်င္တတ္ေတာ့တာလားဆိုေတာ့
မဟုတ္ဘူး..။
မခံစားတတ္ေတာ့တာလည္းမဟုတ္ျပန္ဘူး
ဒီတိုင္း ေနသားက်သြားခဲ့တာ
မင္းမ႐ွိတဲ့အရပ္မွာေနသားက်သြားခဲ့တာ
တစ္ေန႔တစ္ေန႔ ဂ်ီက်စရာမင္းမ႐ွိလည္း
ငါအဆင္ေျပေနခဲ့တာမလို႔

မင္းဘက္ကလမ္းခဲြစကားေျပာတုန္းက
ငါမတုန္လႈပ္ခဲ့ဘူးဆိုရင္မင္းယံုမလား

ငါထင္ထားခဲ့တယ္ မင္းေျပာလာလိမ့္မယ္လို႔
ျပန္ေျပလည္ဖို႔မႀကိဳးစားေတာ့ဘဲ
အခုလိုလမ္းကိုျမန္ျမန္ေရြးခ်ယ္မယ္လို႔ေတာ့
မထင္ထားခဲ့ဘူး ။ ။

ငါ့ေပ်ာ္ရႊင္ျခင္းေတြရဲ႕အေၾကာင္းျပခ်က္က
မင္းျဖစ္ခဲ့တယ္
ငါ့ဝမ္းနည္းျခင္းေတြကလည္းမင္းေၾကာင့္
ငါလိမၼာလာတာကလည္းမင္းေၾကာင့္ပဲ

ဘဝမွာေတြ႔႐ွိခဲ့တဲ့အေကာင္းဆံုးအရာကုိေျပာပါဆိုရင္႐ွင္းပါတယ္အဲ့ဒါမင္းပဲ ။

ငါမငိုပါဘူးမလြမ္းပါဘူးဆိုရင္လိမ္ရာက်လိမ့္မယ္
သတိရမိပါတယ္
တိုက္ဆိုင္မႈေတြ႐ွိခဲ့ရင္

ဒါေပမယ့္ထင္ထားတာထက္အဆင္ေျပခဲ့တယ္
ေန႔တိုင္းနာက်င္ရမယ္လို႔ထင္ထားခဲ့တာ

မင္းလည္းအေကာင္းဆံုးလမ္းကို
​ေရြးသြားခဲ့တာထင္တယ္
ေ႐ွ႕ဆက္ၿပီးမွပိုနာက်င္ရတာထက္
ပိုၿပီးသံေယာဇဥ္မတြယ္ခင္
ပိုၿပီးမခ်စ္မိသြားခင္မွာအခုလိုလုပ္ခဲ့တာမလို႔

မင္းကေတာ့ေတြးေနမွာပဲ
ငါကအေပါင္းအသင္းမ်ားလို႔
အဆင္ေျပေနမွာပါဆိုၿပီးေတာ့

အေပါင္းအသင္းကမင္းထင္သေလာက္မမ်ားဘူး
ငါလည္းမင္းထင္ထားသေလာက္
အဆင္ေျပေနတာမဟုတ္ဘူး
ငါထင္ထားတာထက္ပဲအဆင္ေျပေနတာ

ဒါေတြကလည္း
တစ္ခ်ိန္ျပန္ၾကည့္ရင္ဟာသေတြပါပဲ
မင္းနဲ႔ငါဘဝတစ္ေကြ႔မွာၿငိစြန္းခဲ့ၾကဖူးတယ္ေပါ့
ဒါပါပဲ..။

ေနာက္ႏွစ္ေတြအမ်ားႀကီးၾကာသြားရင္
မင္းကပိုေကာင္းတဲ့သူကို႐ွာေတြ႔ခ်င္ေတြ႔ေနမွာ
ငါကလည္းမင္းကိုသတိရခ်င္မွရေတာ့မွာ
ဒါမွမဟုတ္တစ္ခါတေလသတိရၿပီး
အခုလိုစာေတြေရးခ်င္ေရးေနမိမွာ

ခ်စ္ခဲ့ၾကဖူးတယ္ေပါ့ကြာ
႐ူး႐ူးမိုက္မိုက္ျဖစ္ခဲ့ၾကဖူးတယ္ေပါ့
ဒီေလာက္ပါပဲ ။ ။

Broken But BeautifulWhere stories live. Discover now