20

38 9 0
                                    

Zawgyi Below

Unicode

Anthrophobia ဆိုတာသိပ်ကြောက်ဖို့ကောင်းမှန်း
အစကတကယ်မသိခဲ့ဘူး..။
တွေ့သမျှလူတွေနဲ့အဆင်ပြေပြေဆက်ဆံနေနိုင်ပြီး
အပူအပင်တွေမရှိခဲ့တဲ့ တစ်ချိန်ကပေါ့..

လူတွေဟာသိပ်ကြောက်ဖို့ကောင်းတယ်ဆိုတဲ့စကားတွေ
လောကမှာကြောက်ဖို့အ​ကောင်းဆုံးကလူတွေပဲဆိုတဲ့စကားတွေက
အဲ့တုန်းကကိုယ့်အတွက်ဟာသကြီးတစ်ခုလိုဖြစ်နေတာပေါ့

တကယ်တမ်းအချိန်တွေကြာလာတော့လည်းသိလာရတယ်..
အချိန်တွေကြာတယ်ဆိုတာ နှစ်တွေအများကြီးမဟုတ်ပါဘူး..
ခြောက်လ..ခြောက်လဆိုတဲ့အချိန်ကလေးအတွင်း
အဲ့စကားတွေကိုလက်တွေ့သိလာရတယ်

အမှောင်ထုကိုစတင်သဘောကျလာချိန်..
ညတွေဟာကိုယ့်အတွက်အကောင်းဆုံးအချိန်ဖြစ်လာတဲ့အခါ..။
အိပ်ဆေးလုံးတွေမသောက်ပဲ
အိပ်မပျော်တော့တဲ့အခါ..။
သေချာနေပါပြီ...ကိုယ်လောကကြီးကိုစတင်ရင်ဆိုင်နေခဲ့ရပြီ ။

အမြဲတမ်းအဆိုးဘက်ကြီးလည်းမဟုတ်ပါဘူး
ကိုယ့်ကံကြောင့်ပဲလားမသိ..
စိတ်ထိခိုက်လွယ်လွန်းတဲ့ကိုယ်က
ထိခိုက်အစေနိုင်ဆုံးသောစကားတွေနဲ့ရင်ဆိုင်ခဲ့ရတယ်

လူတွေကိုရင်မဆိုင်ရဲတော့တဲ့အချိန်မှာ
အမှောင်ထဲကနေဆွဲထုတ်ပေးခဲ့တဲ့လက်တစ်စုံရှိတယ်
"မင်းဒီလိုဝမ်းနည်းနေတာကိုမမြင်ချင်တော့ဘူး"ဆိုတဲ့စကားတစ်ခွန်းနဲ့..

အဲ့ဒီ့လက်တစ်စုံကမခိုင်တာကိုမမြင်မိဘဲ
အားကိုးတကြီးဆွဲထားမိလိုက်တယ်
အမှန်တော့ဆွဲမိလိုက်တဲ့အချိန်မှာ
မမြဲနိုင်တာကိုသိလိုက်ပေမယ့်
နာကျင်မှုတွေပျောက်ချင်ဇောနဲ့အလောတကြီးဆွဲထားမိလိုက်တယ်..။

အမှားကြီးတစ်ခုမှန်းမသိလိုက်မိခင်ကပေါ့ ။

"မုန်းတာမဟုတ်ဘူး စိတ်ကုန်သွားတာ"
အဲ့စကားတစ်ခွန်းက..ဒီလောက်ထိနာကျင်စေလိမ့်မယ်လို့မထင်ခဲ့ဖူးဘူး ။
အစောကြီးကတည်းကဘာလို့အလင်းရောင်တွေပြန်ပေးခဲ့သေးလဲ?
ဘာလို့မျှော်လင့်ချက်တွေပြန်ပေးခဲ့သေးလဲ?

သေချင်သေပါစေလို့ပစ်ထားခဲ့ရောပေါ့..!
ရက်နည်းနည်းလောက်နေရင်..
အိပ်ဆေးတစ်ဗူးလုံးသောက်ပြီးအိပ်ပစ်ဖို့ကြံစည်ထားခဲ့တာကို..
ဘာလို့လဲ!?

ခင်ဗျား....တော်တော်ရက်စက်တာပဲ......

Zawgyi

Anthrophobia ဆိုတာသိပ္ေၾကာက္ဖို႔ေကာင္းမွန္း
အစကတကယ္မသိခဲ့ဘူး..။
ေတြ႔သမွ်လူေတြနဲ႔အဆင္ေျပေျပဆက္ဆံေနႏိုင္ၿပီး
အပူအပင္ေတြမ႐ွိခဲ့တဲ့ တစ္ခ်ိန္ကေပါ့..

လူေတြဟာသိပ္ေၾကာက္ဖို႔ေကာင္းတယ္ဆိုတဲ့စကားေတြ
ေလာကမွာေၾကာက္ဖို႔အ​ေကာင္းဆံုးကလူေတြပဲဆိုတဲ့စကားေတြက
အဲ့တုန္းကကိုယ့္အတြက္ဟာသႀကီးတစ္ခုလိုျဖစ္ေနတာေပါ့

တကယ္တမ္းအခ်ိန္ေတြၾကာလာေတာ့လည္းသိလာရတယ္..
အခ်ိန္ေတြၾကာတယ္ဆိုတာ ႏွစ္ေတြအမ်ားႀကီးမဟုတ္ပါဘူး..
ေျခာက္လ..ေျခာက္လဆိုတဲ့အခ်ိန္ကေလးအတြင္း
အဲ့စကားေတြကိုလက္ေတြ႔သိလာရတယ္

အေမွာင္ထုကိုစတင္သေဘာက်လာခ်ိန္..
ညေတြဟာကိုယ့္အတြက္အေကာင္းဆံုးအခ်ိန္ျဖစ္လာတဲ့အခါ..။
အိပ္ေဆးလံုးေတြမေသာက္ပဲ
အိပ္မေပ်ာ္ေတာ့တဲ့အခါ..။
ေသခ်ာေနပါၿပီ...ကိုယ္ေလာကႀကီးကိုစတင္ရင္ဆိုင္ေနခဲ့ရၿပီ ။

အျမဲတမ္းအဆိုးဘက္ႀကီးလည္းမဟုတ္ပါဘူး
ကိုယ့္ကံေၾကာင့္ပဲလားမသိ..
စိတ္ထိခိုက္လြယ္လြန္းတဲ့ကိုယ္က
ထိခိုက္အေစႏိုင္ဆံုးေသာစကားေတြနဲ႔ရင္ဆိုင္ခဲ့ရတယ္

လူေတြကိုရင္မဆိုင္ရဲေတာ့တဲ့အခ်ိန္မွာ
အေမွာင္ထဲကေနဆဲြထုတ္ေပးခဲ့တဲ့လက္တစ္စံု႐ွိတယ္
"မင္းဒီလိုဝမ္းနည္းေနတာကိုမျမင္ခ်င္ေတာ့ဘူး"ဆိုတဲ့စကားတစ္ခြန္းနဲ႔..

အဲ့ဒီ့လက္တစ္စံုကမခိုင္တာကိုမျမင္မိဘဲ
အားကိုးတႀကီးဆဲြထားမိလိုက္တယ္
အမွန္ေတာ့ဆဲြမိလိုက္တဲ့အခ်ိန္မွာ
မျမဲႏိုင္တာကိုသိလိုက္ေပမယ့္
နာက်င္မႈေတြေပ်ာက္ခ်င္ေဇာနဲ႔အေလာတႀကီးဆဲြထားမိလိုက္တယ္..။

အမွားႀကီးတစ္ခုမွန္းမသိလိုက္မိခင္ကေပါ့ ။

"မုန္းတာမဟုတ္ဘူး စိတ္ကုန္သြားတာ"
အဲ့စကားတစ္ခြန္းက..ဒီေလာက္ထိနာက်င္ေစလိမ့္မယ္လို႔မထင္ခဲ့ဖူးဘူး ။
အေစာႀကီးကတည္းကဘာလို႔အလင္းေရာင္ေတြျပန္ေပးခဲ့ေသးလဲ?
ဘာလို႔ေမွ်ာ္လင့္ခ်က္ေတြျပန္ေပးခဲ့ေသးလဲ?

ေသခ်င္ေသပါေစလို႔ပစ္ထားခဲ့ေရာေပါ့..!
ရက္နည္းနည္းေလာက္ေနရင္..
အိပ္ေဆးတစ္ဗူးလံုးေသာက္ၿပီးအိပ္ပစ္ဖို႔ၾကံစည္ထားခဲ့တာကို..
ဘာလို႔လဲ!?

ခင္ဗ်ား....ေတာ္ေတာ္ရက္စက္တာပဲ......

Broken But BeautifulWhere stories live. Discover now