19

54 10 7
                                    

Zawgyi Below

Unicode

ဘဝမှာအကြိမ်ကြိမ်ပြိုလဲခဲ့တာတွေရှိတယ်
လောကကြီးကိုအရှုံးပေးချင်ခဲ့ဖူးတယ်
ပျက်စီးသွားတဲ့အိမ်မက်တွေ
ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်တွေကြားမှာ
ကိုယ်ဟာအလင်းကိုရှာဖွေနေတုန်း..

မင်းရောက်လာခဲ့တယ်
အပြုံးလေးတစ်ခု..
"အဆင်ပြေလား"ဆိုတဲ့စကားလေးတစ်ခွန်းနဲ့
"ကိုယ်မင်းဘေးနားမှာအမြဲရှိနေပေးမှာပါ" ဆိုတာစကားတစ်ခွန်းကြောင့်ကိုယ့်ဘဝဟာအရမ်းတောက်ပခဲ့ဖူးတယ်

ကြယ်ကြွေတဲ့ညတစ်ညမှာကိုယ်ဆုတောင်းခဲ့တာတွေကပြည့်သွားသလိုမျိုးပဲ..။

ကံကောင်းခြင်းတစ်ခုလိုမျိုးမင်းကိုယ့်ဘဝထဲရောက်လာခဲ့တယ်..။

ဘယ်တော့မှလက်မလွှတ်တော့ဘူးလို့တွေးခဲ့ဖူးတယ်
အားနာလွန်းလို့လက်လွှတ်လိုက်ဖို့လည်းတွေးခဲ့ဖူးတယ်

မင်းအပြုံးတွေဟာကိုယ့်ရဲ့အလင်းရောင်ဖြစ်ခဲ့သလို
မင်းမျက်ရည်တွေဟာ ကိုယ့်အတွက်မိုးကြိုးပစ်တာထက်တောင်ကိုယ်ကြောက်ခဲ့ရတာဖြစ်ခဲ့တယ်..။

မိုးရွာတာကိုအရမ်းကြောက်တတ်တဲ့ငါက
မင်းငိုတာမြင်ရင်ပိုကြောက်ခဲ့တယ်
ငါ့ကြောင့်များလား
ငါမင်းကိုစိတ်ဆင်းရဲအောင်လုပ်မိတာများလား
မင်းငါ့အနားကထွက်သွားတော့မှာများလားလို့
အတွေးမျိုးစုံတွေးမိတယ်
အတွေးများတတ်တဲ့ငါ့အကြောင်းမင်းသိမှာပါ

Serendipity လို ဘဝရဲ့အချိုးအကွေ့တစ်ခုမှာ
မင်းရောက်လာခဲ့တယ်..။
ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့သင်ပေးသွားခဲ့ပြီး
ချစ်ခြင်းမေတ္တာဆိုတာကိုသင်ပေးသွားခဲ့တယ် ။

နာနာကျည်းကျည်းပဲမေးခွန်းထုတ်ပါရစေ
ထားသွားခဲ့မယ်ဆိုရင်..
အချစ်ဆိုတာမသင်ပေးဘဲ အမုန်းဆိုတာကစပြီးသင်ပေးပါလားလို့..။

Zawgyi

ဘဝမွာအႀကိမ္ႀကိမ္ၿပိဳလဲခဲ့တာေတြ႐ွိတယ္
ေလာကႀကီးကိုအ႐ႈံးေပးခ်င္ခဲ့ဖူးတယ္
ပ်က္စီးသြားတဲ့အိမ္မက္ေတြ
ေပ်ာက္ဆံုးသြားတဲ့ ေမွ်ာ္လင့္ခ်က္ေတြၾကားမွာ
ကိုယ္ဟာအလင္းကို႐ွာေဖြေနတုန္း..

မင္းေရာက္လာခဲ့တယ္
အျပံဳးေလးတစ္ခု..
"အဆင္ေျပလား"ဆိုတဲ့စကားေလးတစ္ခြန္းနဲ႔
"ကိုယ္မင္းေဘးနားမွာအျမဲ႐ွိေနေပးမွာပါ" ဆိုတာစကားတစ္ခြန္းေၾကာင့္ကိုယ့္ဘဝဟာအရမ္းေတာက္ပခဲ့ဖူးတယ္

ၾကယ္ေႂကြတဲ့ညတစ္ညမွာကိုယ္ဆုေတာင္းခဲ့တာေတြကျပည့္သြားသလိုမ်ိဳးပဲ..။

ကံေကာင္းျခင္းတစ္ခုလိုမ်ိဳးမင္းကိုယ့္ဘဝထဲေရာက္လာခဲ့တယ္..။

ဘယ္ေတာ့မွလက္မလႊတ္ေတာ့ဘူးလို႔ေတြးခဲ့ဖူးတယ္
အားနာလြန္းလို႔လက္လႊတ္လိုက္ဖို႔လည္းေတြးခဲ့ဖူးတယ္

မင္းအျပံဳးေတြဟာကိုယ့္ရဲ႕အလင္းေရာင္ျဖစ္ခဲ့သလို
မင္းမ်က္ရည္ေတြဟာ ကိုယ့္အတြက္မိုးႀကိဳးပစ္တာထက္ေတာင္ကိုယ္ေၾကာက္ခဲ့ရတာျဖစ္ခဲ့တယ္..။

မိုးရြာတာကိုအရမ္းေၾကာက္တတ္တဲ့ငါက
မင္းငိုတာျမင္ရင္ပိုေၾကာက္ခဲ့တယ္
ငါ့ေၾကာင့္မ်ားလား
ငါမင္းကိုစိတ္ဆင္းရဲေအာင္လုပ္မိတာမ်ားလား
မင္းငါ့အနားကထြက္သြားေတာ့မွာမ်ားလားလို႔
အေတြးမ်ိဳးစံုေတြးမိတယ္
အေတြးမ်ားတတ္တဲ့ငါ့အေၾကာင္းမင္းသိမွာပါ

Serendipity လို ဘဝရဲ႕အခ်ိဳးအေကြ႔တစ္ခုမွာ
မင္းေရာက္လာခဲ့တယ္..။
ကိုယ့္ကိုယ္ကိုခ်စ္တတ္ဖို႔သင္ေပးသြားခဲ့ၿပီး
ခ်စ္ျခင္းေမတၱာဆိုတာကိုသင္ေပးသြားခဲ့တယ္ ။

နာနာက်ည္းက်ည္းပဲေမးခြန္းထုတ္ပါရေစ
ထားသြားခဲ့မယ္ဆိုရင္..
အခ်စ္ဆိုတာမသင္ေပးဘဲ အမုန္းဆိုတာကစၿပီးသင္ေပးပါလားလို႔..။

Broken But BeautifulWhere stories live. Discover now