Unicode
မွေးလာမယ့် တူ၊ တူမလေးတွေကို
ဆယ်ကျော်သက်အရွယ်မှာဖြစ်လာတဲ့အချစ်ဆိုတာ
ခဏတာဝင်လာလည်တတ်တဲ့ဧည့်သည်ဆိုပြီး
သေချာလေးပြောပြပေးရမယ် ။
စူးစမ်းတတ်တဲ့အရွယ်မလို့ စိတ်ကစားတာမျိုးရှိမှာပေမယ့်
တစ်ဘဝလုံးအတွက်မဖြစ်နိုင်ဘူးဆို
အကုန်ပုံအောမအပ်လိုက်မိဖို့ သေချာပြောပြပေးရမယ်ကိုယ်တိုင်လည်းမနာကျင်ရဖို့
သူတစ်ပါးကိုလည်းမထိခိုက်စေဖို့
မသေချာရင် အရုပ်လိုမကစားတတ်အောင်ပြောပြပေးရဦးမယ်အချစ်ဦးဆိုပြီးအရမ်းချစ်မိတဲ့သူကလည်း
ကိုယ့်နားမှာအဆုံးထိရှိနေမှာမဟုတ်လို့
မနာကျင်ရအောင် အရမ်းမမျှော်လင့်သင့်ဘူးဆိုတဲ့အကြောင်းအချစ်ဆိုတာ ရှိနေတုန်းပျော်ရွှင်ရပေမယ့်
ထွက်သွားရင် နာကြည်းမှုတွေနဲ့ကျန်ခဲ့တတ်ကြောင်း
အဲ့လိုအရာတွေအကုန်ပြောပြပေးရမယ်။အချိန်တွေကုန်ခဲ့တယ်ဆိုပြီး အပြစ်တင်နေတာထက်
သူနဲ့ပျော်ခဲ့ရတာပဲလေဆိုပြီးပဲ ရှေ့ဆက်တိုးသွားသင့်တယ်အတွေ့အကြုံကောင်းတစ်ခု၊ အမှတ်တရကောင်းတစ်ခုပေါ့။
Zawgyi
YOU ARE READING
Broken But Beautiful
No FicciónBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: