Zawgyi Below
Unicode
စိတ်ညစ်နေတာလားဆိုတော့
ဟုတ်တယ် စိတ်ညစ်နေတာ ။ဒီလောက်ရယ်မောနေပြီးစိတ်ညစ်တယ် လို့ပြောနေတယ် ဆိုတဲ့စကားတွေငါကြားတယ်
မကြားချင်ယောင်ဆောင်နေရုံပဲ ။စဉ်းစားကြည့်ကွာ
စိတ်ညစ်တယ်ဆိုပြီးမှိုင်နေလို့ဘာမှမှထူးမလာဘဲ
မှိုင်နေမယ့်အစား ဟန်ဆောင်ပြုံးပြီးပဲဘဝကို
ရှေ့ဆက်တက်သွားရမှာပေါ့ငါပြောနေကျအတိုင်းပဲလေ
ငါတို့ကငယ်သေးတယ်မလား
ငါတို့ဘဝမှာဆက်ရှင်သန်ဖို့
အချိန်တွေအများကြီးကျန်သေးတယ်ငါစိတ်ညစ်တတ်တာတွေ
စိတ်ဖိစီးမှုများတတ်တာတွေက
ပုံမှန်ဆယ်ကျော်သက်တစ်ယောက်ဖြစ်တတ်တာထက်များနေမှန်းသိပေမယ့် ဖြစ်တတ်တာမျိုးပဲဆိုပြီးငါကျော်သွားချင်တယ်အတိတ်တွေမှာဆက်ပိတ်မိနေလို့လည်းမထူးဘူး
ငါ့ဘဝပဲ အကျိုးမဲ့သွားမှာ
အတိတ်တွေကိုပြန်လှည့်တော့ကြည့်မိတာပေါ့
ငါလည်းလူပဲဟာ တစ်ခါတလေတော့
ပြန်တွေးမိတာပေါ့တွေးမိတော့လည်း
အဲ့တုန်းကငါကတော်တော်ရူးတာပဲ
ထစ္ကနဲဆို သေချင်စိတ်ကပေါက်
ကိုယ့်ကိုယ်ကိုနာအောင်လုပ်လိုက်ရောအခုကလည်းမလုပ်တော့တာမဟုတ်ပါဘူး
လက်တွေမှာဆိုဒဏ်ရာတွေများနေပြီ
လက်ဆစ်တွေဆိုအထဲကအရိုးပါအက်ချင်နေလို့
ကိုယ့်ကိုယ်ကိုသတိထားနေရတာငါ့ကိုအဆင်ပြေလားတော့လာမမေးနဲ့ပေါ့
ငါကအဆင်ပြေတယ်ပဲဖြေမှာ
ငါရင်မဖွင့်တတ်တော့ဘူး
အကယ်၍ရင်ဖွင့်ခဲ့ရင်တောင်အကုန်မဟုတ်ဘူး
ဘယ်ကစပြောရမှန်းမသိတဲ့ငါရဲ့အတိတ်ဆိုးကြီးရှိတယ်
ပြောမိရင်နင်တို့ငါ့ကိုမုန်းသွားမှာသေချာတာမလို့
ငါမပြောဘူး ။ပြောချင်တဲ့အချက်ကတော့ကွာ
ငါလိုချင်တာတွေရပြီး
အဆင်ပြေနေတဲ့ပုံပေါက်တိုင်း
ငါ့ကိုအဆင်ပြေနေတယ်
ပျော်နေတယ်မထင်နဲ့ဟိုဟာဆိုလည်းလုပ်တတ်
ဒါဆိုလည်းသိနေတာမလို့အားကျမနေနဲ့
ငါက လူတွေရဲ့ အကြောင်းကို
နင်တို့ထက်အရင်သိမိခဲ့ပြီး
အခုနေရာထိရောက်လာဖို့
အရမ်းကြိုးစားခဲ့ရတာမလို့

YOU ARE READING
Broken But Beautiful
Non-FictionBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: