45

11 0 0
                                    

Unicode

“ထပ်ပြီးမချစ်တော့ဘူး” ဆိုပြီးအထပ်ထပ်ပြောခဲ့ဖူးပေမယ့် တကယ်တမ်းကျ ဒီနွံထဲလဲကျပြန်ရော

နာကျင်ရလည်းသဘောကျပါတယ်ပေါ့
စီးကျလာတဲ့မျက်ရည်တွေကို မသိချင်ယောင်ဆောင်ထားရင်း၊ အဖြစ်မရှိတဲ့ကိုယ့်ကိုယ်ကိုမှန်ထဲငေးကြည့်မိရင်း။

တစ်ခါမှလည်းအချစ်မခံရဖူးသလို
အချစ်ခံရဖို့ကိုလည်း‌မမျှော်မှန်းထားဖူးပါဘူး
သေးသေးလေးမျှော်လင့်မိတော့လည်း
နောက်တစ်ခါထပ်ပြိုလဲရပြန်ရော။

တန်ပြန်သက်ရောက်မှုမရှိတဲ့သက်ရောက်မှုမျိုးဆိုတာဒါမျိုးထင်ပါရဲ့ အချစ်တွေပေးအပ်နေပေမယ့် ပြန်လက်ခံစရာမရှိတာမျိုး။

ပေးအပ်နေပေမယ့် မင်းကမလိုချင်တာမျိုးလည်း
ဖြစ်နိုင်တာပဲမလား..? ဟုတ်တယ်မလား?

“ငါ့ကိုချစ်ပေးပါ” ဆိုတဲ့စကားတစ်ခွန်းကို
မျက်ရည်စက်လက်နဲ့ပြောရင်း..

အဆင်ပြေပါတယ် မင်းမချစ်တာကလွဲလို့ပေါ့။

Zawgyi








Broken But BeautifulWhere stories live. Discover now