Zawgyi Below
Unicode
ငါမင်းကိုမရနိုင်မှန်းသိတယ်..
မပိုင်ဆိုင်နိုင်မှန်းသိတယ်
ဒါပေမယ့် မင်းမှမဟုတ်ရင်မဖြစ်တာမလို့
ငါ့အပိုင်လုပ်ပါရစေ..။ဒူးထောက်ပြီးမတောင်းပန်နေနဲ့
ငါကဘယ်လိုပဲဖြစ်ဖြစ်မင်းကိုရအောင်ယူမှာမလို့..။အဖြူရောင်သတို့သမီးဝတ်စုံနဲ့
ငါတော်တော်လှတာပဲ..
ကဲ..အခုမင်းဆီသွားပြီး မင်းကငါ့အပိုင်ဖြစ်သွားပြီဖြစ်ကြောင်း
လူတွေကိုကြေငြာလိုက်ရုံပဲ..။ငါ့လက်ကိုတွဲပြီးလူတွေကိုပြုံးပြပြီး
လိုက်နှုတ်ဆက်နေတဲ့မင်း..။
ခုနကငါ့ကိုတောင်းပန်နေတာမင်းဟုတ်ပါတယ်နော်?"ငါပင်ပန်းနေပြီ အိမ်ပြန်ရအောင်"
*ဘာလို့ပင်ပန်းတာလဲ?မင်းလုပ်နေတာလူတွေကိုလိုက်နှုတ်ဆက်နေရုံပဲလေ*
"စိတ်ထဲမပါပဲပြုံးနေရတာပင်ပန်းတယ်"အိမ်တံခါးကိုသေချာပိတ်ထားရမယ်
သော့ကိုလည်းမင်းမမြင်အောင်ဖွက်ထားရမှာပေါ့
မင်းကငါ့အပိုင်မလို့ တခြားသူတွေဆီမသွားရဘူး!ခွမ်း!
ဘာ? ဒါဘာသံလဲ!?
ဘာလဲ?
မင်းကပြတင်းပေါက်ကိုခွဲပြီး
အပြင်ထွက်ဖို့လုပ်နေတာလား?
ဒီလိုတော့ဘယ်ရမလဲ....?"မှန်ကွဲစကိုင်ပြီးဘာလုပ်မလို့လဲ!?"
*မင်းဘယ်မှသွားလို့မရအောင်လုပ်မလို့လေ*
"အား!!!!!!! မလုပ်နဲ့လေ!!!!!!!"
*ဟင်? ငြိမ်သွားပြီ အိပ်ပျော်သွားတာလား? အိပ်ချင်ရင်လည်းပြောတာမဟုတ်ဘူး..လာ အိပ်ရာထဲသွားရအောင်*ဘာလဲ?
မင်းကလမ်းတောင်မလျှောက်ချင်တော့ဘူးလား?
ရပါတယ်လေ..ငါတွဲသွားပေးမယ်
ကောင်းသောညပါ အချစ်ရေ..။-----------------
*ရေချိုးရအောင်*
*ငါပျင်းလာပြီဘာလုပ်ရမလဲ*
*မင်းမျက်နှာဖြူဖတ်ဖြူရော်ဖြစ်နေတယ် အဆင်ပြေရဲ့လား?*
*မင်းဆီကထူးထူးဆန်းဆန်းအနံ့ကြီးထွက်နေတယ်သိလား?*
*သိလားလို့?ဘာလို့ပြန်မဖြေတာလဲ? မင်းငါ့ကိုစိတ်ဆိုးနေတာလား?*
YOU ARE READING
Broken But Beautiful
Kurgu OlmayanBroken But Beautiful Damaged But Spriteful Can read with both Zawgyi & Unicode [Essay type non-fiction (not actually)] Start Date: Nov 30, 2019 End Date: