[Zawgyi]
ရွာငယ်ကလေး၏အလယ်မကျတကျတွင်ဆောက်ထားသည့်အိမ်ကလေးဖြစ်၏။တစ်ချိန်က ဤအိမ်သည် လင်းလွန်းသူ၏မိဘတွေပိုင်ဆိုင်ခဲ့ဖူးသည်။ယခုတွင်တော့ မိဘနှစ်ပါးဟာလည်း ဆုံးပါးသွားလေပြီး တစ်ကောင်ကြွက်တစ်မျက်နှာသာကျန်ခဲ့ရသည့် လင်လွန်းသူအတွက် ဘကြီးတို့ မိသားစုကလာရောက်စောင့်ရှောက်ထား သည်ဟုဆိုကာ တတ်နေကြခြင်းပင်ဖြစ်သည်။အချိန်သည်ကား ညနေမရောက်တရောက်ပင်ရောက်ရှိလာပေသည်။တစ်အိမ်လုံးစားသောက်ဖို့အတွက် ထမင်းအိုးကိုမီးဖိုပေါ်တင်ထားရင်း သောက်ရေအိုးရေဖြည့်ဖို့လုပ်ရသည်။
နွေရာသီမို့ နေ့လယ်ဘက်ဆိုတအားပူသည်။နေ့လည်ဘက်ပူသည်ဆို၍ညဘက်ကျအေးသလားဟုဆိုပြန်တော့လည်း ထိုသို့မဟုတ်။ညဘက်လည်းအမှန်စင်စစ်သိပ်ပူပါသည်။ဘောင်းဘီတိုကိုစွပ်ကျယ်ချိုင်းပျတ်နှင့်တွဲဝတ်နေရသည်ကိုပင်အပူက လျော့ပါးမသွားပဲ၊ အနည်းငယ်နေသာယုံသာရှိသည်။
"လင်းလွန်းသူ....အိမ်ရှေ့ကို ခနလာအုံး.."
"ဟုတ်.."
"ဟုတ်ကိုနောက်မှာထားခဲ့...လူအရင်လာ.."
ဒေါ်ကြီး၏အသံသည် အိမ်ရှေ့ရေနွေးဝိုင်းဆီမှ ထွက်ပေါ်လာသည်။လင်းလွန်းသူကရေစိုနေသည့် လက်နှစ်ဖက်စလုံးကို အဝတ်ပိုင်းဖြင့် ခြောက်အောင်သုတ်ပြီး အိမ်ရှေ့သို့အမြန်ပြေးရသည်။
နေ့လည်ကတည်းက ဧည့်သည်တွေ လာကြသည်ကိုတွေ့သည်။အပျံစားကားကြီးဖြင့် ခြံထဲဝင်လာတုန်းက သူစပ်စုတော့ ဒေါ်ကြီးကငေါက်လွှတ်ခဲ့သည်။
"ဘာခိုင်းမို့လဲ ဒေါ်ကြီး.."
"လာဒီကို မြန်မြန်.."
မီမီချိုက အိမ်နောက်ဘက်မှပြေးထွက်လာသည့်ကောင်လေးကိုလှမ်းကြည့်လိုက်လေသည်။စွပ်ကျယ်ချိုင်းပြတ်အဖြူကလေးကို ဝတ်ဆင်ထားပြီး ခပ်နွမ်းနွမ်းဘောင်းဘီတို တစ်ထည်နှင့်ဂရုဏာသက်စရာကောင်းလှသည်။
"သားနာမည်က လင်းလွန်းသူတဲ့လား.."
အန်တီလှလှက သူ့လက်အားဆွဲကိုင်ကာမေးတော့ မရဲတရဲပြန်ဖြေလိုက်သည်။
YOU ARE READING
ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။