[Zawgyi]
ဒေါ်ညိုနယ်ပေးသည့်ကြောင်စာပန်းကန်လေးကိုကိုင်ပြီး မီးဖိုချောင်ကြမ်းပြင်တွင် တင်ပြင်ခွေထိုင်လိုက်သည်။ခုန်အောက်ထဲထိရောက်အောင် တိုးဝင်နေသည့် ကြောင်ပေါက်ကလေးကို အပြင်ရောက်အောင်မည်သို့ခေါ်ထုတ်ရမည်မသိ။ပန်းကန်လေးကို လှမ်းပြတော့လည်း ရှေ့တိုးမလာပေ။
"လင်းလွန်းရယ်...မှီ မှီ လို့ခေါ်မှ လာမှာပေါ့ ကလေးရဲ့"
ဒေါ်ညိုက တစ်အိမ်လုံးအတွက်မနက်စာပြင်နေရာမှလှည့်ပြောလေသည်။အတော်လေးအလုပ်ရှုတ်နေတာကြောင့် ခနပါပဲ ၊ ပြီးတော့ လင်းလွန်းကို သတိမထားမိတော့ဘဲ သူ့ဘာသူပြန်ရှုတ်သွားတယ်။
မနက်က ပတ်တီးတွေကိုပြန်ဖြေပြီးဒေါ်ဒေါ်ညိုက ဆေးထပ်ထည့်ပေးတယ်။ခြစ်ရာတွေလောက်ပဲမို့ ပတ်တီးတော့ ထပ်မစည်းပေးထားဘူး။
အိမ်အလုပ်လဲ ကူမလုပ်ရတာမို့ လင်းလွန်းက ချောင်ကလောင်ထဲ တိုးဝင်နေတဲ့ကြောက်ပေါက်ကလေးကို အစာကျွေးဖို့ကြိုးစားနေတယ်။အဲ့ဒီကြောင်ကလေးက ခွေးတွေလက်ထဲက ကယ်ပြီးနောက်ပိုင်း သူ့ကိုပါအကပ်မခံတော့ဘူး။
"ငါ့ကိုမကြောက်ပါနဲ့.. မင်းဗိုက်ဆာနေတာ ငါသိတယ်..အပြင်ကို ထွက်လာခဲ့လေ"
တုန်တုန်ရီရီဖြစ်နေတဲ့ကြောင်ကလေးကို သူတတ်နိုင်သမျှလေသံကိုနူးနူးညံ့ညံ့လေးပြောလိုက်တယ်။ကြောက်ပေါက်ကလေးက အထီးကျန်ပြီးကြောက်နေတာ။အဲ့ဒီခံစားချက်ကို သူနားလည်တယ်။အရမ်းကြောက်ပြီး တုန်နေခဲ့တာတောင်မှ ထွေးပွေ့ပေးမယ့်သူမရှိတာမျိုးလေ။
"ဒီဟာက စားလို့ရပါတယ်...ဒါက မင်းအတွက် သေချာလုပ်ပေးထားတာ.."
ကြောင်ပေါက်လေးက သူ့ကိုမယုံသေးတာနေမှာ။ဘာတွေကြုံထားရလို့ အစားအစာကျွေးတာကိုတောင် ထွက်လာပြီး မစားရဲရတာလည်းမသိ။
"ဟယ်...လင်းလွန်း...လက်က ဘာဖြစ်တာလဲ."
အန်တီမီမီချိုက သူ့ကိုမြင်တော့ ပြာပြာသလဲ အနားရောက်လာသည်။ကြောင်စာခွက်ကို ကိုင်ထားသည့် သူ့လက်တွေတွင် ကုတ်ရာခြစ်ရာတွေ ဗရပွဖြစ်နေလေသည်။
YOU ARE READING
ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။