၂၉(uni)

1.7K 94 4
                                    

Part29
"သူက နည်းနည်းရှက်တတ်တယ်လေ အကိုရဲ့...အဲ့တာမို့ ထူးက ပြောပေးတာ ပြီးတော့ သူက အဲ့တာကို ဘယ်သူကိုမှမသိစေချင်ဘူးလေ.."

"ဟင်း...ဟင်း...အဲ့တော့ အလှလေးက ကိုယ့်ကို ဘယ်လိုဖြစ်စေချင်တာလည်း.."

"အို...ထူးဆိုလိုချင်တာ အကိုသိသားနဲ့၊ ထူးကသူငယ်ချင်းအခက်အခဲဖြစ်နေတာလည်း မကြည့်ရက်ဘူးလေ၊ သူက ဘယ်တော့မှပြောမှာမဟုတ်ဘူး..အဲ့တာမို့.."

"အဲ့တာမို့.."

မင်းထက်က ဆေးလိပ်ကိုနှုတ်ခမ်းတွင်တေ့ရင်းမေးလိုက်သည်။လက်တစ်ဖက်ကလည်း ခပ်ရို့ရို့ကလေးထိုင်နေသည့်အဏ္ဏဝါထူးခါးသိမ်ကလေးအားလှမ်းဆွဲဖတ်လိုက်၏။

"အဲ့တာမို့ အကိုကပဲ ကူညီပေးလို့ရမလားလို့၊ သူက တော့ ဇွတ်ငြင်းမှာပဲ ၊ ဒါပေမယ့် စိတ်မပူပါနဲ့ နောက်ကျအဆင်ပြေသွားလိမ့်မယ်၊ အကိုနားလည်ပါတယ်.."

မုတ်ဆိတ်မွေးခပ်စစတွေအားလက်ချောင်းကလေးများဖြင့်ပွတ်သပ်နေရင်း ပြုံးလိုက်မိသည်။

"အင်းပါ...ကိုယ်စဉ်းစားလိုက်ပါ့မယ်၊ လောလောဆည်ကိုယ့်အတွက် အရေးအကြီးဆုံးက အလှလေးပဲ.."

"အဟင်း.."

**************

"လင်းလွန်းသူ.."

"ဟုတ်...ဟုတ်ကဲ့ ကိုကိုကြီး.."

"မင်း အဲ့ဒီ နေရာကနေ ထဖို့ အစီစဉ်မရှိသေးဘူးလား"

"ဟင်"

လင်းလွန်းသူမှာသစ်ခွခြံအဝတွင် မြက်ပင်ကလေးများအားနှုတ်နေခြင်းဖြစ်ပြီး သိပ်မကြာသေးခင်အချိန်က ကိုကိုကြီးမှာ အိမ်ပေါက်ဝတွင်ရပ်ကာ လက်ပိုက်ပြီးလာကြည့်နေ၏။

ခြံဝအားရှင်းလင်းပြီးသည်အထိကို ကိုကိုကြီးက ထိုနေရာမှတုပ်တုပ်မျှပင်မလှုတ်တာကြောင့် လင်းလွန်းသူမှာ ပေကပ်ပြီးသာ ထိုင်နေမိ၏။

ဘာမျှမရှိတော့သည့်မြေပြင်ဗလာကြီးကို လက်ညှိုးကလေးဖြင့်လျှောက်ထိုးနေရာမှ အသာလေးထရပ်လိုက်မိ၏။

"လာ...လာတော့မလို့ပါပဲ ကိုကိုကြီး.."

မင်းရဲကျော်စွာက မရယ်မပြုံးသောမျက်နှာဖြင့်လက်ပိုက်ကာ ဆတ်ကြည့်နေလိုက်သည်။အနားသို့ လှုပ်စိလှုပ်စိဖြင့်ရောက်လာသည့် ကောင်ကလေးသည် သူနှင့်မနီးမဝေးတွင်ရပ်လိုက်၏။

ကိုယ္ပိုင္ကမၻာေလး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now