[Zawgyi]
အိမ်ကြီးထဲက လူတိုင်းလိုလိုက စကားတအားများကြသည်။အဲ့ဒီထဲမှာမှ အပ်ကျသံတောင်မကြားနိုင်လောက်အောင်တိတ်ဆိတ်နေတာဆိုလို့ လင်းလွန်းသူနေတဲ့အခန်းနဲ့အပေါ်ထပ်က ကိုကိုကြီးရဲ့အခန်းပဲရှိတယ်။ကျောင်းကရက်ရှည်အားလပ်ရက်ပိတ်တာကြောင့်မို့ မိုးကျရွှေကိုယ်က ဂီတာသင်တန်းတတ်နေသည်။အတော်လေးတီးတတ်လာလေတော့ အိမ်မှာဆိုလဲ တဒေါင်ဒေါင်တဒင်ဒင်နဲ့ ။
အလကာင်္ဟိန်းက စာသင်ခုံအနားရောက်တဲ့ထိတိုင်အောင် မိုးကျရွှေကိုယ်က မရပ်သေးဘူး။ရပ်တာ မရပ်တာကလည်း ကိစ္စတော့မဟုတ် စာသင်ချိန်ရောက်ဖို့ကလည်း ဆယ့်ငါးမိနစ်တောင်လိုနေသေးသည်။
အဓိကက အဲ့ဒီကောင်လေးရဲ့ ပြုံးတုံးတုံးမျက်နှာဘေးနဲ့သီချင်းဆိုနေတာက ပြသနာဖြစ်နေ၏။
~အသက်သုံးဆယ်....
~ငါကြားဖူးတာက လေးဆယ်မဟုတ်ဘူးလား...??
~လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ..
"??.."
~ဟန်ဆောင်ရပြီ...လူတွေ မသိအောင်...
အလကာင်္ဟိန်းက မျက်ခုံးကိုစုကြုံ့ပြီးတွေးတောနေရာမှ အအေးလာချပေးသည့် ဒေါ်ညိုအားပြန်ပြုံးပြလေ၏။ဘာကြောင့်များ အဲ့ဒီ သူ့တပည့်အကောင်စုတ်ကလေးက သူ့ကို ရိသဲ့သဲ့လုပ်နေတယ်လို့ ခံစားနေရတာလည်း။
"ဆရာလေးကရော...အသက်ဘယ်လောက်လဲ..ကိုကိုကြီးနဲ့အတူတူပဲလား.."
"ဟုတ်ကဲ့ ၃၀ပြည့်ပြီးပါပြီ..အဟင်း.."
~အပြုံးလေးနဲ့လိမ်ရပြီ
"??"
"အိမ်ထောင်ပြုဖို့ စိတ်မကူးသေးဘူးလား..."
အလကာင်္ဟိန်းက ပြုံးစိစိဖြစ်နေသည့် သကောင့်သားကိုလှမ်းကြည့်မိရာမှ ဒေါ်ညို၏ အမေးကြောင့် ဖြေရခက်နေလျက်ရှိ၏။
"လောလောဆည်တော့ စိတ်ကူးမရှိသေးပါဘူး...ခင်ဗျ.."
~ရာသီ အချိန်တွေလည်း...ဒီလို တရွေ့ရွေ့နဲ့ကူးပြောင်းနေပြီ
"?"
ဂီတာသံတဒေါင်ဒေါင်ကြားမှာ ဒေါ်ညို၏ ခပ်ပြုံးပြုံးမေးခွန်းများကိုမအီမလည်ပြန်ဖြေရ၏။ခက်တာကလည်းခက်သည်...သူ့ကိုရုပ်ချောချောလေးဆိုပြီး ရည်စားရှိတယ်ထင်နေကြပုံရသည်ာသူက ခပ်များများရှိနေတာကြောင့် ယခုအချိန်ထိ ရည်းစားမထားဖူးတဲ့ ၊ singleစစ်စစ်သာဖြစ်နေခဲ့သည်။
YOU ARE READING
ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။