အခန်း၁၀

5.5K 466 154
                                    

[Zawgyi]
"မင်း ကျွန်းသွားမလို့ဆို."

"အေး.."

ဟော်တယ်ဆောက်လုပ်ရေးပိုင်းနဲ့ပတ်သတ်ပြီး သူကိုယ်တိုင်ဆင်းသွားရမည့်အပိုင်းတွေရှိနေတာမို့ ပြင်ဆင်နေချိန် ဘယ်ကနေဘယ်လို သတင်းကြားပြီး ရောက်ချလာသည်မသိ၊ အလကာင်္ဟိန်းက သူ့ရုံးခန်းဆိုဖာပေါ်တွင် မိန့်မိန့်ကြီး ထိုင်နေသည်။

"ငါလိုက်လို့မရဘူးလား"

"မရဘူး.."

"မင်းကလည်းလုပ်ပါ..ငါ့ကိုဗေဒင်ဟောထားတယ်..ရေထဲဆင်းမှရမယ်တဲ့.."

"မင်းအိမ်ရှေ့က ချိုင့်ကို မပြင်ရသေးဘူး မလား.."

"အေးလေ...အဲ့တာနဲ့ ဘာဆိုင်လို့တုန်း"

"မိုး ဒီလောက်ရွာနေတာ...ရေပြည့်နေလောက်ပြီ။"

"ဟမ်?!?"

"ယတြာ ချေ ချင်အဝေးကြီးသွားဖို့မလိုဘူး...မင်းအိမ်ရှေ့တင်ရှိတယ်...အပင်ပမ်းမခံနဲ့"

"ဟ...အဲ့ရေကိုပြောတာ မဟုတ်ဘူးလေ..ရေချိုမရဘူးကွ  ရေငန်မှရမှာ"

"ဆားခပ်လိုက်လေ...ငန်သွားအောင်"

"သဘာဝပဲကောင်းတယ်၊ ငါ အညံ့တွေပျောက်အောင်လုပ်ရမှာ၊ ခေါ်သွားစမ်းပါ...ငါလိုက်ချင်လို့မဟုတ်ပါဘူး...ဗေဒင်အရပါကွာ"

"ဆီဖိုးတစ်ဝက်ခံ..."

"ဟမ်.."

မင်းရဲကျော်စွာက ထိုသို့ပြောပြီး သူ့ကိုကြည့်မနေပဲ စားပွဲပေါ်က စာရွက်အချို့ကို အိတ်ထဲထည့်နေလေသည်။

အလကာင်္ဟိန်းက အခုချိန်ထိကြောင်အနေတုန်းပဲ။သူက သိပ်မကြာခင်တုန်းကတည်းက ကမ်းခြေသွားချင်နေခဲ့တာဖြစ်ပြီး တကူးတကကြီးမသွားချင်တာကြောင့် ငြိမ်နေခဲ့ရခြင်းဖြစ်သည်။ပြီး သူ့ဘဏ်ကဒ်ထဲမှာ စုထားသည့်ပိုက်ဆံများကို မထုတ်ချင်သလို အပြင်ကငွေသည်လည်း ခရီးသွားရလောက်အောင်ကိုလုံလုံလောက်လောက်ကရှိမနေသေးပေ။

ယခုလိုမျိုး အဆင်လည်းသင့် လမ်းလည်းသင့်သည်မို့ တပါတည်းလိုက်ပါမလားဟုတွေးမိတာကိုး တစ်ကိုယ်တည်း လူပျိုကြီးဖြစ်ပြီး ပိုက်ဆံအတော်အတန်ချမ်းသာသည့် လူချမ်းသာကလေးက သူ့လို အညတရ ဂိုက်ဆရာလေးဆီက ဆီဖိုးပြန်တောင်းတယ်တဲ့လား။

ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now