၂၆(uni)

2.6K 125 4
                                        

Part26.(ကိုယ်ပိုင်ကမ္ဘာလေး)

လူကြီးတွေအလုပ်လုပ်နေတာကို ငြိမ်ပြီးမနေတတ်သည့် လင်းလွန်းသူက ရေမိုးချိုးအဝတ်စားလဲပြီးတည်းကမီးဖိုချောင်ထဲရောက်နေပြီးဖြစ်သည်။ဒေါ်ဒေါ်ညို ထမင်းစားပွဲပြင်နေတာကို ဝိုင်းကူလုပ်ပေးနေရင်း ဒေါ်ညိုမေးသမျှ ဒိုင်ခံဖြေနေရ၏။

"ကိုကိုကြီးက အခုမှပဲ အိမ်ကပ်တော့တယ်.."

လှုတ်စိလှုတ်စိလုပ်နေသည့်ကောင်ကလေးသည်မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြစ်လာ၏။မီမီချိုက ပြုံးလျှက်

"မင်းရဲကျော်စွာကနတ်ကြီးတယ်လေ ဒေါ်ညိုရယ်...တွေ့ချင်တိုင်းတွေ့လို့ရတာမဟုတ်ဘူး..."

ဟင်းပန်းကန်လှယ်နေသည့်လင်းလွန်းသူ၏လက်ဖျားကလေးများတုန်ရီသွားရသည်။ကိုကိုကြီး၏အမည်နာမသည် သြဇာရှိသည်ဟုခံစားရသည်။တစ်စုံတစ်ယောက်ကများ ကိုကိုကြီးအမည်လေးကိုပြောလိုက်ရုံလေးကိုတောင်သူ့ရင်ကိုလှုတ်ခတ်သွားစေသည်။

ငြိမ်နေတဲ့ရေပြင်အပေါ် ခဲတစ်လုံး ကျသွားသလိုကိုခံစားရခြင်းမျိူးပေါ့။သူ့ဘာသူ မလုံမလဲဖြစ်သွားရသည်မို့ အောက်နှုတ်ခမ်းကိုသွားဖြင့်ကိုက်မိရက်သားဖြစ်သွားရ၏။

"လင်းလွန်းသူနဲ့ပင့်မှရတာ.."

"ဟင်"

ဒေါ်မီမီချိုက ထိုသို့ပြောပြီး အပြင်သို့ထွက်သွားလေသည်။ဒေါ်ဒေါ်ညို ၏ ရယ်သံ ခပ်သောသောလေးသည် လင်းလွန်းသူနားထဲသို့ ပွတ်တိုက်ကျီစယ်လာ၏။

"ဟင်း...ဟင်းရနေပြီ လား ဒေါ် ဒေါ် ညို"

"ခနမွှေပေးထားပါအုံး ကလေးရေ...ဒေါ်ညို အိမ်ရှေ့ခနသွားလိုက်အုံးမယ်နော်၊ တစ်အောင့်နေရင် ချလိုက်တော့...သိလား.."

"ဟုတ်ကဲ့...ဒေါ်ညို"

ဒေါ်ဒေါ်ညို ထွက်သွားတော့မှ အသက်ရှူ ချောင်ရ၏။လင်းလွန်းသူ၏လက်ကလေးသည်သူ့ရင်ဘက်ပေါ်ရောက်သွားလေသည်။လေပူတစ်ချက်ကိုမှုတ်ထုတ်လိုက်ရင်းသူ့ဘာသာမလုံမလဲဖြစ်သွားရသည်။ဗို့အားပြင်းလွန်းလှသည့် ကိုကိုကြီး၏မျက်ဝန်းတို့သည်သူ့အာရုံတွင် ထင်းလင်းစွာပြန်ပေါ်လာသည်။ပြီးတော့ သူအနည်းငယ်အို့တို့အမ်းတန်းဖြစ်သွားရ၏။နှာဖျားသို့တိုးဝင်လာသည့် ကိုကိုကြီး၏စူးရှဖွယ်ရာကိုယ်သင်းရနံ့သည်သူ့အာရုံတွင်စွဲထင်လာသည်။သူ့ကိုယ်သူ ဘာတွေတွေးမိမှန်းမသိတော့တာကြောင့် ခေါင်းကိုအမြန်ခါယမ်းပစ်လိုက်ရ၏။

ကိုယ္ပိုင္ကမၻာေလး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now