အခန်း၎

7K 506 106
                                    

[Zawgyi]
နေတဲ့ရပ်ကွပ်ရဲ့နှစ်လမ်းကျော်မှာသင်ကျောင်းရှိသည်။လင်းလွန်းသူက ကားမှန်ကနေတစ်ဆင့်လမ်းတွေကိုအသေအချာမှတ်သားထားသည်။

"မင်း ကျောင်းရောက်ရင် ငါနဲ့အတူထိုင်ရမယ်...ကြားလား.."

မိုးကျရွှေကိုယ်ကပြောသည်ကိုသူခေါင်းအသာညိမ့်ပြလိုက်တော့ စုပ်သတ်ပြီးတစ်ဖက်သို့ပြန်လှည့်သွားသည်။

"ပါးစပ်ကပြောရမယ်လို့ မသင်ထားဘူးလား..မင်းမိဘတွေက"

မထုံတတ်သေးအပြုအမူတွေနှင့်ဘဲရုပ်ဆိုးကိုသူတကယ်ကြီးစိတ်တိုလာလေပြီဖြစ်သည်။သူ့ကိုအပိုင်ဝယ်ထားတာပါဟု ဘယ်လောက်ပင်ပြောပြော မျက်လုံးဝိုင်းတွေဖြင့်ပြူးပြူးကြောင်ကြောင်သာကြည့်နေပြီး ငြိမ်ကုတ်ကာစကားသံတစ်သံလေးပင်မထွက်လာပေ။

"မင်းကို ငါ့အမေက ဝယ်ပေးထားတာ...ငါပြောရင် မင်းစကားပြန်ပြောရမှာလေ..."

"ဟင့်.."

ဲဘဲရုပ်ဆိုးက သူအော်လိုက်တော့ ကားတံခါးနားဆီတိုးကပ်ပြီး ခန္ဓာကိုယ်ကို ကျုံ့ကျုံ့လေးဖြစ်အောင်နေလေသည်။ခေါင်းကိုငုံ့ထားသည့်ကြားမှ တိုးသဲ့သဲ့ရှိုက်သံကိုကြားလိုက်ရတာကြောင့်မိုးကျရွှေကိုယ်တစ်ယောက် မျက်မှောင်ကုတ်လိုက်သည်။

"!"

"မရှိ.."

"ဟမ်...ဘာပြောတယ်.."

အသံတိုးတိုးလေးကြောင့် သူစိတ်အိုက်လာပြီး အနားသို့ တိုးကပ်ထိုင်ကာ ထပ်မေးလိုက်သည်။

"မရှိတော့ဘူး.."

တကယ့်ကိုမှတိုးတိုးလေးကို အနည်းငယ်တုန်ရီနေသေးသည်။ဆယ်တန်းတောင်ရောက်နေပြီ ဒီကောင်က ဘာလို့ လူကြောက်တတ်နေရတာလည်း။

"ဘာကမရှိတော့တာလဲ..ရှင်းရှင်းပြောလေ..ယောကျာ်းမဟုတ်ဘူးလား."

"သူတို့"

"သူတို့က ဘယ်သူလဲ"

"ဖေဖေ...နဲ့ မေ....မေ.."

လင်းလွန်းသူက ပါးပြင်ပေါ်ခုန်ဆင်းလာသည့်မျက်ရည်တို့ကိုလက်တစ်ဖက်ဖြင့်သုတ်ဖယ်မိလေသည်။ဒုတိယတန်းအောင်သည့်နေ့တွင် သူ့အဖေကပိုးထိပြီး အမေကလည်းကလေးမမွေးနိုင်လို့ဆုံးသွားခဲ့ရသည်။ထိုအချိန်က သူကသိပ်ငယ်လွန်းတာကြောင့်ဟုဆိုကာဘကြီးနှင့်သူ့မိသားစုက အိမ်ပေါ်ရောက်လာခဲ့သည်။

ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now