ကိုယ်ပိုင်ကမ္ဘာလေး(part 25)
"ဒေါ်ညို....သားရော...ဘယ်မလဲ.."
"အပြင်ခဏသွားတယ် မီမီ..ထမင်းစားချိန်အမှီပြန်လာမယ်ပြောတယ်.."
မီမီချိုက အဏ္ဏဝါထူးနှင့်ချာချာတို့အားဧည့်ခန်းဆီသာခေါ်လာခဲ့သည်။တစ်လက်စတည်း ဖုန်းအားဖွင့်၍သားဖြစ်သူ၏နံပတ်ကိုခေါ်ဆိုလိုက်၏။
"ထူးရေ သား ခဏထိုင်နေအုံးနော်...အန်တီ ဖုန်းခနပြောလိုက်အုံးမယ်.."
"ဟုတ်ကဲ့ အန်တီ မီမီ"
မီမီချိုတို့မိသားစုသည်အင်မတန်သိုသိပ်စွာနေကြသူတွေမို့ဧည့်ခန်းတွင်ပင်ရှေးဟောင်းပန်းချီကားများကလွဲ၍တခြားအရာများရှိမနေပေ။
"ကျွန်တော်ပြန်ရောက်ပါပြီ မာမီ.."
ဖုန်းRing toneသံနှင့်အတူ အိမ်ထဲရောက်ချလာသည့်မိုးကျရွှေကိုယ်က သူ့အမေကိုဖတ်ကာပြောလိုက်၏။ရုတ်တရက် ချာချာ့ဆီမှ အော်သံထွက်ပေါ်လာသည်။
ချာချာ၏ရုပ်သည် အင်မတန်ဖော်ပြရခတ်လောက်အောင်ဆိုးဆိုးရွားရွားဖြစ်နေ၏။
"အားးး....ဒါအိပ်မက်မဟုတ်လား...အမလေး. အမလေး...နတ်သားလေး..."
"?!"
"အထူး...ဘာလို့ကျွန်မကိုစောစောကတည်းက မပြောပြတာလဲ...ကျွန်မ မိုးကျရွှေကိုယ်ကို ဘယ်လောက်ထိကြိုက်လဲဆိုတာ သိရဲ့သားနဲ့.."
အဏ္ဏဝါထူးက ချာချာ၏အဖြစ်ကို ကြည့်ကာရယ်နေ၏။သူသည် ချာချာဤသို့ပုံစံဖြစ်သွားမည်ဆိုတာကြိုတွေးမိပြီးသားပင်ဖြစ်သည်။မိုးကျရွှေကိုယ်၏လူအများကြွေရလောက်အောင်မည်သို့ပင်ချောမောစေကာမူ အဏ္ဏဝါထူးအတွက်တော့ သာမန်မျှသာဖြစ်သည်။
ချာချာကတော့ မိုးကျရွှေကိုယ်အားကြည့်ကာပါးစပ်ကိုလက်ဝါးဖြင့်ပိတ်လို့ အရမ်းမအော်မိအောင်ထိန်းချုပ်နေ၏။
"ဟဲလိုလ်.."
မိုးကျရွှေကိုယ်သူ့အမေကိုဖတ်ထားရာကနေခွာပြီး အဏ္ဏဝါထူးဆီသွားလိုက်သည်။
"မတွေ့တာကြာပြီနော်...ထူး"
"အွန်း...Rain...ထူးက သတိရနေတာ"
YOU ARE READING
ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။