၂၇(uni)

2.5K 117 5
                                        

Part27

သိပ်မကြာခင်အချိန်တုန်းကအက္ခရာနဲ့ဒေါ်မိုးမခတို့ကြားက တော်ဆပ်မှုကို အဏ္ဏဝါထူးက မတော်တဆသိမိသွားခဲ့တဲ့အချိန်ကစပြီး အဏ္ဏဝါထူးနဲ့အက္ခရာတို့နှစ်ဦးက သိသိသာသာကို ကွဲထွက်သွားခဲ့တယ်။

နိုင်ငံခြားပြန်ဒီဇိုင်နာတစ်ယောက်နဲ့တတ်သစ်စမော်ဒယ်လေးတို့ရဲ့တိုးတိုးတိတ်တိတ်ရန်ပွဲတွေဟာ မကြာခဏဆိုသလိုဖြစ်တတ်တာကို နေရာတိုင်းတွင်ကြားရလေသည်။

The Star groupကနေပထမဦးဆုံးရိုက်ကူးမည့် first loveအမည်ရှိBlဇာတ်လမ်းတွင် အပြိုင်ဇာတ်ဖြင့်ရိုက်ကူးသွားကြမည့် မျက်နှာသစ်သရုပ်ဆောင် နိုင်ငံခြားပြန်အဆိုတော်မင်းသားRainနှင့် အင်တာနေရှင်နယ် မော်ဒယ်တစ်ဦးဖြစ်သူ မင်းသားချော ဒွန်း ။

ပို၍လူစိတ်ဝင်စားကြရသည့်အချက်က ပုန်းကွယ်နေသည့်စာရေးဆရာ၏ ပထမဆုံးလူရှေ့ထွက်ပြမည့် ပွဲလဲဖြစ်ပေသည်။

Rainဆီမှအာရုံသည်ယခုအခါတွင်တော့သူ့ဆီမှာ လုံးလုံးကြီးရှိမနေတော့ပဲ ဟိုအပေအတေကောင်ဆီကိုရောက်နေတာကိုသတိထားမိလိုက်ရသည်။

"ကျမရဲ့ နတ်သားလေးနဲ့တွဲဖတ်ဖြစ်လာမယ့်နောက်ထပ်မင်းသားနေရာကို လူမရွေးရသေးဘူးတဲ့...အထူးရယ်.."

"အင်း..အဲ့ဇာတ်လမ်းကို ဖတ်ဖူးလို့လား."

"အင်း ကျွန်မ စာအုပ်တောင်ဝယ်ထားသေးတယ်၊ တကယ်အူအားတယ်တော်...ဖတ်ကောင်းတယ်..ဒါနဲ့ အထူးနဲ့လိုက်လောက်မယ်နော်...အဲ့သူဋ္ဌေးနဲ့ခင်တယ်မဟုတ်လား...ပြောကြည့်ပါလား.."

ချာချာ၏အပြောကြောင့်Rainစီမှ အာရုံစူးစိုက်မှုကိုပြန်ယူနိုင်ရန် အဏ္ဏဝါထူးတွေးလိုက်မိ၏။သူစိတ်မပါပေမယ့်လို့ အဲ့ဒီအဆီတဝင်းဝင်းနဲ့ နပိန်းကောင်ဆီဖုန်းခေါ်ဖို့သူတွေးလိုက်သည်။

"ချာချာ ငါ သွားအိပ်တော့မယ်၊ "

"အိုကေပါ အဲ့တာဆို တို့လဲ ပြန်အုံးမယ်...ဒါနဲ့တို့ပြောထားတာလည်း မမေ့နဲ့အုံးနော်၊ ရှင်သာ အဆင်ပြေရင်တို့လည်း နတ်သားလေးကို နေ့တိုင်းတွေ့ရတော့မှာ.."

ချာချာပြန်သွားပြီးနောက် ပလူပျံနေသည့်လူမှုကွန်ရက်ပေါ်မှာသီတင်းများကို ဟိုဆွဲဒီဆွဲလုပ်နေရာမှ အဏ္ဏဝါထူးမှာ သူ့လက်ကိုင်ဖုန်းကိုထုတ်၍နံပတ်အချို့ကိုနှိပ်လိုက်လေသည်။

ကိုယ္ပိုင္ကမၻာေလး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now