၂၈(uni)

1.3K 74 1
                                    

Part28
ဇာတ်ညွှန်းဖတ်နေတဲ့မိုးကျရွှေကိုယ်က သူ့ဘေးနားထိုင်ပြီး တတွတ်တွတ်စကားတွေပြောနေတဲ့အဏ္ဏဝါထူးဆီတွင်အာရုံရောက်မနေပဲ စကားပြောနေသည့်လင်းလွန်းသူဆီသာမျက်စိရောက်နေလေသည်။

"အဲ့အသေးလေးက စာရေးဆရာဖြစ်နေတာပဲကို.."

ဒွန်းက ဘောပင်လှည့်နေရာမှ လှမ်းကြည့်ရင်းပြောလေသည်။မိုးကျရွှေကိုယ်သည် အံ့အားသင့်နေ၏။ဒွန်းကိုပလစ်သွားတာက ဘဲရုပ်ဆိုးပေါ့လေ၊

"သူက ငါတို့အိမ်မှာနေတာ"

"မင်းနဲ့ညီအကိုတော်တာလား...တစ်ခါမှတောင်မပြောဘူးနော်.."

"ငါနဲ့တော့ ဘာမှမတော်ပါဘူး.."

မိုးကျရွှေကိုယ်ကထိုသို့ပြောလေတော့ ဒွန်းက လှည့်ကြည့်လာ၏။

"ငါ့ဦးလေးနဲ့ပဲတော်တာ.."

"မင်းဦးလေးနဲ့တော်ရင် မင်းနဲ့လည်းတော်တာပဲပေါ့ဟ..."

"အဲ့လိုမျိုးတော့ မဟုတ်ဘူးကွ၊ ငါ့ဦးလေးနဲ့တော်တယ်လို့ပြောပေမယ့် တကယ်ကျတော့လည်း သူတို့က အမျိုးမတော်ပြန်ဘူး.."

"ဟေ...???"

အဏ္ဏဝါထူး၏မျက်နှာသိသိသာသာညိုမှိုင်းသွား၏။သူက လင်းလွန်းသူအားလှမ်းကြည့်ကာ မျက်နှာမှုန်ကုပ်လာမိသည်။

"သူက မိဘမရှိဘူးလေ ဒွန်းရဲ့...rainတို့က ခေါ်ထားရတာ...သနားလို့ပေါ့.."

"ထူး အဲ့လိုမပြောရဘူးလေ..."

ဒွန်းနှင့်မိုးကျရွှေကိုယ်၏စကားဝိုင်းထဲသို့အဏ္ဏဝါထူးဝင်လာလေသည်။

"ဟုတ်နေတာပဲကိုRainပဲပြောတယ်လေ သူ့ကိုဝယ်ထားတာလို့..."

"ထူး.."

"Rainက ငါ့ကိုမခင်တော့ဘူးပဲ.."

"မဟုတ်ဘူးလေ ထူးရာ...ငါတို့စကားပြောဆင်ခြင်သင့်တယ်လေ...ပြီးတော့ ဦးလေးကလည်း ဘဲရုပ်ဆိုးကိုမကောင်းပြောရင်မကြိုက်ဘူး၊ "

"ငါသိပါတယ်...ငါကလည်း ဒွန်းကို အမှန်တရားကိုသိစေချင်လို့ပါ၊ Rainတမျိုးမထင်ပါနဲ့နော်.."

"မထင်ပါဘူး...ထူးက ကလေးဆန်တာငါသိတာပဲ၊ ဒါပေမယ့် နောက်ကျရင်တော့ စကားကို အဲ့လိုလက်လွတ်စပယ်မပြောနဲ့နော်၊ ငါတို့က အနုပညာရှင်တွေလေ၊ တခုခုဆို ဘယ်သူ့အတွက်မှမကောင်းဘူး...ကြားလား...ပိုးဟပ်ဖြူလေးရ.."

ကိုယ္ပိုင္ကမၻာေလး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now