part30
"ကလေးရေ...မင်းကိုကိုကြီးကို ပန်းသီးလေးစိတ်ပြီးသွားပို့ပေးပါလား...ဒေါ်ညို ကမီမီနဲ့ ဈေးဝယ်လိုက်သွားပေးရမှာမလို့ရယ်.."
လင်းလွန်းသူ ပန်းကန်ဆေးနေသည့်နားသို့သွား၍မှာနေသည့်ဒေါ်ညိုကို မိုးကျရွှေကိုယ်တစ်ယောက်လှမ်းကြည့်လိုက်သည်။
ဆန်မုန့်လုံးကတော့ ခေါင်းတညိမ့်ညိမ့်ဖြင့် ပန်းသီးအားယူရန်ရေခဲသေတ္တာဆီပင်လက်လှမ်းနေလေပြီ။
ခဏအကြာတွင်တော့ဒေါ်မီမီချိုက ဖုန်းဖြေနေရင်းပင်ထမင်းစားခန်းဆီရောက်လာပြီး လင်းလွန်းသူရှိရာသို့သွားလေသည်။
'ကလေးရယ်..ရွာမှာရှိတဲ့မင်းအမျိုးတွေဆီကဖုန်းရတယ်..'
'ဘာများလဲ အန်တီမီမီ..'
'ကလေးရဲ့မိဘတွေအတွက်ရည်စူးပြီးအလှူလုပ်တာလို့ပြောတာပဲရယ်..'
'ဗျာ..'
'ပြီးတော့အန်တီတို့အားလုံးကိုလာစေချင်တယ်တဲ့...ကလေးအနေနဲ့ကော မိဘတွေအလှူကိုသွားချင်လား...'
လင်းလွန်းသူကလှုတ်လှုတ်ရှားရှားဖြစ်သွားရသည်။သူ့အပေါ်စောင့်ရှောက်ပေးခဲ့ဖူးသောဘကြီးကိုလဲသူတွေ့ချင်သည်၊ပြီးတော့သူ့မိဘတွေခေါင်းချသွားကြသည့်အိမ်ကလေး...
'ဟုတ်...ဟုတ်ကဲ့အန်တီမီမီ...သား သွားချင်တယ်..'
ဆယ်စုနှစ်တစ်ခုတိုင်အောင်ခွဲခွာခဲ့ရတာမို့သူလည်းပဲမိဘတွေခေါင်းချရာအိမ်ကလေးကိုလွမ်းပါသည်။လင်းလွန်းသူ၏လက်ကလေးများသည်ပန်းသီးစိတ်ကိုကိုင်ရင်းငြိမ်သက်နေ၏။သူ့အတွေးတို့သည်လဲဟိုဟိုဒီဒီရောက်နေပုံပေါ်သည်။
မီမီချိုကခေါင်းတညိမ့်ညိမ့်ဖြင့်..
'အဲ့တာဆို ဒီရက်ထဲသွားဖို့အန်တီစီစဥ်လိုက်မယ်...အားလုံးလဲစိတ်ပြေလက်ပြောက်ဖြစ်သွားအောင် တစ်ပတ်လောက်သွားနေကြတာပေါ့...ကဲ..လာ ဒေါ်ညို..စျေးသွားကြစို့...'
'ဟုတ်ကဲ့...အန်တီမီမီ...ကျေးဇူးတင်ပါတယ်ဗျ...'
အန်တီမီမီချိုတို့ထွက်သွားပြီးနောက်တွင်တော့မီးဖိုခန်းထဲတွင်တော့လင်းလွန်းသူတစ်ယောက်ထဲသာကျန်နေခဲ့တော့သည်။သူက ကိုကိုကြီးအတွက်ပန်းသီးစိတ်ကလေးတွေအားအလှပန်းကန်ထဲတွင်သေချာစီထည့်နေရင်းမှငြိမ်သက်သွားမိ၏။
YOU ARE READING
ကိုယ္ပိုင္ကမၻာေလး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။