[Zawgyi]
လင်းလွန်းသူက အရမ်းကိုအနေအေးလွန်းပြီး တသီးတသန့်ဆန်သည်။သံပတ်ပေးထားသလိုကို သူ့အပေါ်ကျလာသမျှ အရာအားလုံးမငြင်းဆန်ပဲ ခံယူလေ့ရှိသည်။ထုံထုံအအ ငေးငေးငိုင်ငိုင် ပုံစံမျိုးဖြစ်နေတတ်သည်။ကျောင်းကအပြန်တွင် လင်းလွန်းသူက အလာတုန်းကနည်းတူ ထမင်းချိုင့်နှစ်ချိုင့်စလုံးကိုကိုင်ပြီး အခန်းဝတွင် သူ့ကိုရပ်စောင့်နေသည်။
မိုးကျရွှေကိုယ်ကတော့ စာအုပ်တွေကိုကျောပိုးအိတ်ထဲစနစ်တကျ ထည့်နေရင်းမှပင် အဏ္ဏဝါထူး၏မေးသမျှတိုင်းကို ဒိုင်ခံဖြေကြားပေးနေသည်။
"R A I N...သူ့ကိုငါ့ထမင်းချိုင့်လေးရော...ကိုင်ခိုင်းလို့ရလား.."
အဏ္ဏဝါထူး၏အကျင့်သည်တပါးသူအပေါ်အတော်လေးနိုင်စားချင်သည့်ဆန္ဒမျိုးရှိသည်။
လူပျို ပေါက်အရွယ်ကလေးတွေဖြစ်လာလေတော့ သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုသည်ယောကျာ်းလေးတွေအပေါ်တွင်သာ သိသိသာသာပိုသည်ဆိုတာ ကိုယ်တိုင်သတိထားမိခဲ့လေသည်။
သူ့အရွယ်ရောက်တော့ ပထမဆုံးအနေဖြင့် တွေးမိလေတိုင်းရင်ခုန်လာတတ်သည့်သူတစ်ဦးလည်းရှိခဲ့သေးသည်။အမြဲရုပ်တည်ကြီးနှင့် အော်ငေါက်တတ်သည့် လူကြီးဖြစ်ပြီး အတော်လေးခန့်ငြားသည့်သူတစ်ဦးလည်းဖြစ်သည်။သူ့ရင်ထဲတွင်အမြဲနေရာယူနေသည့် ထိုလူကြီးနှင့်နီးစပ်ဖို့ရာအတွက် နောက်ဆုံးတော့ သူ့ဆန္ဒတွေပြည့်မြောက်လာခဲ့လေသည်။
ဒီမြို့ကို ပြန်ရောက်သည့်အချိန်တွင် သူပထမဆုံးတွေးမိသည်က သူ့စကားဆို တသွေမတိမ်းလိုက်နာတတ်သည့် တစ်ဖက်ခြံကကောင်ကလေးကိုပင်။
"အင်း...သယ်ခိုင်းလိုက်လေ..ထမင်းချိုင့်လေးတစ်ချိုင့်လောက် ပိုသယ်တာပဲ...ပင်ပမ်းမှာမဟုတ်ပါဘူး"
"ယေးး...ဒါမှ R A I Nကွ."
တစ်ဖက်ခြံက ကောင်လေးသည် အဲ့သလိုကို စကားနားထောင်သည်။
တစ်ဖက်ခြံဆိုတိုင်း သိသိသာသာခုန်လာတတ်သည့် ဘယ်ဘက်ရင်အုန်ထဲကနှလုံးသားကို သူမထိန်းနိုင်တော့ပေ။ဆယ်ကျော်သက်အရွယ်မို့ စိတ်ကစားနေတာဟု အထင်မှားနေမှာလဲ သိပ်ကိုစိုးရိမ်မိပါသည်။အမြဲလိုလို တည်တင်းနေတတ်သည့်ရုပ်သွင်သည် သူ့နှလုံးသားထဲတွင် သံမှိုစွဲကပ်ထားသလိုကို စွဲ နေလေသည်။
YOU ARE READING
ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။