အခန်း၁၈

5.7K 468 91
                                    

[Zawgyi]
အလကာင်္ဟိန်းသူ ကျောင်းသားတွေအပေါ်အင်မတန်စိတ်ရှည်သောသူဖြစ်သည်။စာသင်ခဲ့တာ အချိန်အတော်ကြာသည့်တိုင်အောင် ဒီဘိုးအေလေးနဲ့အကြောတစ်စက်ကလေးမျှပင်မတည့်တာ မည်သည့်အကြောင်းရင်းကြောင့်နည်း။

"ဆရာ...ဒီပုရွက်ဆိတ်ကိုကြည့်ပါအုံး...ထူးဆန်းမနေဘူးလား.."

"ထူးဆန်းမနေပါဘူး...စာရေးမှာသာရေးစမ်းပါ...မောင်မင်းကြီးသားရယ်.."

မိုးကျရွှေကိုယ်က စားပွဲအောက်မှားဆင်းထိုင်ပြီး အလကားအားအားယားယား လျှောက်သွားနေသည့် ပုရွက်ဆိတ်တစ်ကောင်ကို စာရွက်ပေါ်ကောက်တင်ထားသည်။ဘေးတွင်တော့ လင်းလွန်းသူက တကုတ်ကုတ်ဖြင့်စာထိုင်ရေးနေ၏။

"ဟာ...ဆရာ...ကြည့်ကြည့် ဒီကောင်က နောက်ပုရွက်ဆိတ်ထီးလေးကို kissပေးနေတယ်.."

အလကာင်္ဟိန်းကသူ့မျက်မှန်ကိုချွတ်လိုက်ပြီးတော့မှ မျက်ရုံးတွေကိုဖိနှိပ်လိုက်တယ်။ဒီခွေးကောင်လေးက စာမေးပွဲထက် ပုရွက်ဆိတ်အထီး ၊ အမ ကိစ္စကပိုစိတ်ဝင်စားနေတာကခက်သည်။

"ဆရာ...!"

"ဘာတုန်းကွာ..."

"အထီး နှစ်ကောင်က ကစ် ပေးလို့ရလား.."

အလကာင်္ဟိန်း ခေတ္တဆွံ့အသွားရသည်။သူ့ပါးစပ်ကနေ"ဒီခွေးသား!!..ဘာတွေလာမေးနေတာလည်းဟု"ထွက်မိတော့မလို့ လည်ချောင်းထဲသို့ တံတွေးအမြန်မြိုချလိုက်ရ၏။

"မင်း ဘိုးအေကြီးကို...အဲ့တာက အထီးလို့ဘယ်သူပြောလဲ...အမလည်းဖြစ်ချင်ဖြစ်မှာပေါ့.."

စာရွက်ပေါ်မှာ မျက်နှာချင်းဆိုင်တွေ့ဆုံနေသည့်ပုရွက်ဆိတ်နှစ်ကောင်ကိုကြည့်နေရာမှ တရှူးရှူးဒေါသထွက်နေသည့် ဂိုက်ဆရာအားပြန်မော့ကြည့်လိုက်သည်။

မိုးကျရွှေကိုယ်၏မျက်နှာသည် အမြင်ကပ်ချင်စရာကောင်းစွာ သူ့အားပြုံးပြလေသည်။

"ကျွန်တော်သိတယ်...အဲ့တာ အထီးပဲ.."

"မင်းကဘာကိုသေချာနေတာလည်း?"

"ဆရာတွေးကြည့်လေ..."

"ဒီ ဖေ...!...အားရား...ငါသွေးတတ်!!"

လင်းလွန်းသူက ဘာမှအရေးမစိုက်စွာ စာရေးပြီးနောက် ဆရာဖြစ်သူဆီစာအုပ်ထိုးပေးလေသည်။မျက်ခုံးပင့်ကာပြုံးနေသည့်မိုးကျရွှေကိုယ်ကြောင့်ဒေါသူပုန်ထနေသည့် အလကာင်္ဟိန်းမှာ စာရွက်ကိုကြည့်ပြီး အတော်လေးစိတ်လေရသည်။

ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)Where stories live. Discover now