[Zawgyi]
မျက်လုံးကအကျင့်ဖြစ်နေတာကြောင့် မနက်ငါးနာရီထိုးသည်နှင့် လင်းလွန်းသူအိပ်ယာကနိုးသွားသည်။မျက်လုံးပင်မဖွင့်သေးပဲ အိပ်ယာပေါ်လက်ထောက်ကာ ထထိုင်လိုက်တော့ သူ့ခါးတစ်ဝိုက်ကိုတစ်စုံတစ်ခုက အားဖြင့်လှမ်းဆွဲလိုက်သည်။အရှိန်ပါသွားတာကြောင့် အိပ်ယာပေါ်ပြန်ကျသွားရသည်။"အမေ့!"
အလန့်တကြားမျက်စိကိုဖွင့်ကြည့်မိတော့ စိမ်းသက်နေသည့်လူတစ်ယောက်နှင့်သူကဖတ်လျက်သား။သူ့ခေါင်းဟာထိုလူလက်မောင်းပေါ်တွင်ရှိနေပြီး ထိုလူ၏လက်တစ်ဖက်ကလည်းသူ့ခါးတစ်ဝိုက်ကိုမြဲမြံစွာဖတ်ထားလေသည်။
"ဘယ်သူ...ဘယ်သူကြီးလဲ."
သူအနည်းငယ်လူးလွင့်လိုက်တာတောင် အဲ့ဒီလူရဲ့တင်းကြပ်နေတဲ့လက်မောင်းတွေကြားကနေမလွတ်မြောက်နိုင်ဘူး။အခန်းထဲကိုဝေ့ဝဲကြည့်လိုက်လေတော့ အနက်ရောင်ကုတ်တစ်ထည်သည်ကြမ်းပြင်ပေါ်ပစ်စလက်ခတ်ကျနေလေသည်။
ဒါကထိုလူချွတ်ထားတာဖြစ်လိမ့်မည်။သူ့ဘေးတွင်တော့အဖြူရောင်လက်ရှည်အကျိင်္ီကကြယ်သီးများပင်ပြုတ်ထွက်နေသည်။လည်တိုင်တွင်လည်း ရွဲ့စောင်းနေသည့် နက်ခ်တိုင်က ဖရိုဖရဲ။ကြည့်ရတာ အမူးလွန်လာသည့်ပုံပေါ်သည်။
ချဉ်သိုးသိုးအောင့်သက်သက်အနံ့မျိုးရလိုက်ပေမယ့် သူငြိမ်သက်နေရသည်။သေးသေးကလေးလှုတ်လိုက်ရင်တောင် လူစိမ်းရဲ့မျက်ခုံးတွေကတွံ့ကွေးသွားတာကြောင့်မလှုတ်ရဲဘူး၊ အနည်းငယ်တော့ ကြောက်ရွံ့နေမိသည်။
မနေ့ညကဒေါ်ဒေါ်ညိုပြောသည့် အခန်းတံခါးလော့ပျက်နေပုံပေါ်ရင် ဒီလူစိမ်းက အခန်းမှားပြီးဝင်အိပ်တာသာဖြစ်ရမည်။
"ဒါကဘယ်လိုကြီးလဲ...??..ဘယ်ကရောက်လာတာလဲ"
သူတိုးတိုးလေးရေရွတ်မိသည်။ခနလောက်ကြာတော့ လူစိမ်း၏လက်တွေဖြေလျော့ကာသွားပြီးတစ်ဖက်သို့လှိမ့်ကျသွားတာကြောင့် ကုတင်ပေါ်မှသူကမန်းကတမ်းထလိုက်မိသည်။ထိုလူစိမ်းကတော့ ထိုင်လျှက်ပင် ဆတ်ရှိနေသေးသည်။
"အား...ကျွတ်...ကျွတ်.."
ထိုးကိုက်နေသည်နားထင်ကိုလက်ဖြင့်ဖိရင်းအောက်တွင်ပင်ဆတ်ထိုင်နေမိသည်။မင်းရဲကျော်စွာက အနည်းငယ်လေးသောက်မိတာကိုတောင် အချဉ်နံ့ထွက်ချင်ချင်ဖြစ်နေသည့် သူ့အနံ့ကြောင့် နှာခေါင်းရှုံ့မိလျက်သား။

YOU ARE READING
ကိုယ်ပိုင်ကမ္ဘာလေး (ကိုယ်ပိုင်ကမ္ဘာလေး)
Romancempreg...ဖြစ်ပါသည်။စိတ်ကူးယဉ်သက်သက်သာဖြစ်ပြီး လက်တွေ့ဖြစ်ရပ်များ၊ဖြစ်နိုင်သည်များမဟုတ်ပါ။ကြိုက်လျှင်ဖတ်ရှု့နိုင်ပြီး မကြိုက်လျှင်လှည့်ပြန်နိုင်ပါသည်။သဘောရှိပါ။ချမ်းမြေ့ကြပါစေရှင်။