1 U/Z

20.2K 254 4
                                    

Uni

🎶မ~~~~နှလုံးသားနှင့် အနီးဆုံး🎶

🎶အပိုင်း ၁🎶

ဘယ်သောအခါမှ ဘဝမှာ ယောကျာ်းတစ်ယောက်ကို လူမသိ သူမသိ လက်ထပ်ပြီး လူမသိ သူမသိ ကွာရှင်းရလိမ့်မည့်ဟု ဆူး တွေးမထင်ခဲ့ပေ။ အခုတော့ သူနှင့် သူမ အမှန်တကယ် ၅ လဆိုသည့် အချိန်တိုလေး အတွင်းမှာ တရားဝင်ကွာရှင်း ခဲ့ကြပြီ ဖြစ်သည်။ 

တောင်ငူကနေ ရန်ကုန်ပြန်ဖို့ ကားပေါ်တက်လိုက်မိသည်။ ပိုင် နှင့် ယိမ်းကိုလည်း လွန်လေခဲ့ပြီးသော အမှားတွေအတွက် သူမ တောင်းပန်နေဆဲ ဖြစ်သည်။ သဘောထားပြည့်ဝသည့် ယိမ်းလေးက ဆူး အပေါ် နားလည်ခွင့်လွှတ်ပေးနိုင်သော်လည်း အငြိုးကြီးလှသော မင်းအဂ္ဂါဆိုသော လူသားတစ်ဦးကတော့ ဆူး အပေါ် ခွင့်လွှတ်ခြင်း တစ်စုံတစ်ရာ မရှိခဲ့ပေ။ သူ့ နှလုံးသားကို သူမ မြင်နိုင်ပါသည်။ ယိမ်းကို သူ့ နှလုံးသားက စွဲလမ်းခဲ့သည့် ဆိုတာကိုပေါ့။ 

ကျလုလု မျက်ရည်တွေကို လက်ဖမိုးနှင့် ဖိသုတ်ရင်း ရန်ကုန်ပြန်ရန် လက်ကေ့ချ်အိတ်ကို ကိုင်ပြီး ကားပေါ်တက်ခဲ့လိုက်လေသည်။
အခုချိန်မှာ ကိုယ့်ကိုယ်ကို သတိပေးမိသည့်က ကိုယ့်တစ်ဦးတစ်ယောက်တည်း မဟုတ်ဘူး ဆိုတာကိုပင်။

ဗိုက်ချပ်ချပ်လေးကို ပွတ်သပ်ကိုင်ရင်း  သူ့ပြောသည့် စကားတစ်ချို့ကို ပြန်ကြားယောင်မိစဥ် မျက်ရည်ဥတို့က ပါးပြင်ပေါ် အိကျလာခဲ့လေသည်။

လွန်ခဲ့သော ၂ရက်က~~~~

"ခင်ဗျားလို  မာယာရှင်က ပိုင်စေစား ဆိုတဲ့ ကျုပ် အစ်ကို ကိုသာ ခင်ဗျား ညွှတ်ကွင်းမှာ မိအောင်ချုပ်ချင် ချုပ်နိုင်လိမ့်မယ်၊ မင်းအဂ္ဂါ ဆိုတဲ့ ကျုပ်ကတော့ ခင်ဗျားရဲ့ မာယာကျော့ကွင်းမှာ မိဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ကျုပ်ချစ်ရသူတွေကို နာကျင်အောင် လုပ်ခဲ့တဲ့ ခင်ဗျားကို ကျုပ် ဘယ်သောအခါမှ ခွင့်လွှတ်ဖို့ မတွေးထားဘူး ဆိုတာ ခင်ဗျား သဘောပေါက်ထား"

ဆေးရုံက ပြန်လာစဥ် သူမရဲ့ ခင်ပွန်း ဟု သတ်မှတ်ထားသော ကောင်လေး နှုတ်ဖျားမှ ထွက်ကျလာသော စကားလုံးများက သူမ ရင်အစုံကို နွမ်းလျှသွားစေလေသည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now