3 U/Z

7K 150 9
                                    

ညစဥ်ညတိုင်း ဘယ်ဆီဘယ်ဝယ်ရောက်နေသည့်လဲ မသိရသည့် မောင့်က သူမရှိရာ တိုက်ခန်းလေးဆီသို့ ပြန်မလာချေ။ နေ့လည်နေ့ခင်းတောင် ခဏတဖြုတ်လာခဲ့သည့် မောင်က သူမနှင့် မျက်နှာချင်းဆိုင်ဖို့ကို ထိတ်လန့်နေသလိုလို။

ဒီနေ့တော့ နေမကောင်းချင်သဖြင့် တိုက်ခန်းသို့ ပြန်လာခဲ့စဥ်

"ပြန်လာပြီလား"

"ဟင် မောင် ရောက်နေတာလား"

ဆိုဖာကို နောက်မှီကာ စီးကရတ်ကို ဖွာရှိုက်နေသော မောင့်ကို ကြည့်ပြီး ဆူး အသက်ရှုကျပ်လာရလေသည်။

"ဘယ်တုန်းကရောက်တာလဲ"

ဆူး  တံခါးကိုပိတ်ရင်း မေးလိုက်လေတော့ သူက သူမ အနားကို လျှောက်လာပြီး  သူမ နှင့် မျက်နှာချင်းဆိုင်တွင် ရပ်ကာ

"ကျုပ်က ဒီကိုလာဖို့ ခင်ဗျားဆီ ခွင့်တောင်းရဦးမှာလား ဒေါ်ဆူးပန်းရိပ်၊ ရယ်စရာတွေ  ခင်ဗျားမမေးနဲ့၊ ဒီနေရာက ကျုပ် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့  ရတဲ့ နေရာပဲလေ မဟုတ်ဘူးလား၊ ခင်ဗျားပြောကြည့်"

"အဟွတ် အဟွတ် အဟွတ်"

နှာသီးဖျားတည့်တည့်ကို ရှိုက်ထုတ်လိုက်သော သူ့ စီးကရတ်မီးခိုးငွေ့တွေကြောင့် သူမ အသက်ရှုပင် ကျပ်သွားရလေသည်။

နောက်ထပ် ထပ်မံရှိုက်ထုတ်ရန် သူ့ကြိုးစားလေသော အခါ

"မောင် မောင် တော် တော်ပါတော့ကွာ၊ ဆူး အသက်ရှုကျပ်လွန်းလို့ပါ"

"အဟက်"

​"အဟွတ် အဟွတ် အဟွတ်"

​ခြောက်ကပ်စွာ ရယ်သံနှင့်အတူ ထပ်မံမှုတ်လိုက်သောအခါ ဆူး အသက်ရှုတွေ ပိုကျပ်လာကာ ခေါင်းတစ်ခုလုံး အုံခဲလာရလေသည်။ နဂိုကတည်းက စီးကရတ်အနံ့နှင့် မတည့်သည့် သူမ အတွက် အမှန်တကယ်ရှော့ခ်ရသွားရလေသည်။

မူးဝေနောက်ကျိလာသော ခေါင်းကို အသာထိန်းရင်း ရှေ့ဆက်လျှောက်လာလျှင်

"အာ့"

"ဟာ ဟိတ်"

ကြမ်းပြင်ပေါ် ပြိုလဲကျသွားသော သူမ။ အဂ္ဂါ ခဏတော့ ထိတ်လန့်သွားဟန်ဖြင့် တုန်လှုပ်သွားရသော်လည်း မကြာလိုက်ပါ။ သူ့ နှုတ်ခမ်းတစ်စုံ မဲ့ကျသွားလေသည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now