17 U/Z

5.4K 118 0
                                    


ပုဂံသွားမည့် အဝေးပြေးကားပေါ်မှာ အဂ္ဂါ  ယုံကြည်မှုနှင့် မျှော်လင့်ချက်တစ်စုံတစ်ရာကို ဆုတ်ကိုင်ပြီး လိုက်ပါလာခဲ့လေသည်။

အခုချိန်မှာ မမနှင့် သားကို တွေ့ချင်သည့် စိတ်ဆန္ဒက လွှဲ၍ သူ့ အသိ သူ့ ဦးနှောက်မှာ ဘာမျှရှိမနေပေ။ မမ နှင့် သားက လွှဲရင် သူ့အတွေး သူ့ ဦးနှောက်ထဲမှာ အရာရာအားလုံးက ဗလာနိတ္ထိဖြစ်နေရလေသည်။

ပုဂံမြေက လေထုကို ရှူရှိုက်မိသည့်နှင့် သူ့ ရင်တစ်ခုလုံး နွေးထွေးနေခဲ့လေသည်။ ပုဂံကို ရောက်လာလေ။ မ နှင့် နီးလာလေဟု စိတ်က ခံစားလာရလေသည်။ လူဆိုသည့် အမျိုးက ပျောက်ဆုံးသွားလေမှ တမ်းတလွမ်းတတ်သည့် အမျိုး။ ထိုလူတွေထဲမှာ သူလည်း ပါဝင်ခဲ့သည့် မဟုတ်လား။

မကြည်ပြာထံမှ ယူခဲ့သောလိပ်စာအတိုင်း ဖွားစောရွာသို့ မြင်းလှည်းစီးပြီး သူ့ ရောက်လာခဲ့လေသည်။

အညာနွေပူပူအောက်မှာ တမာရနံ့သင်းပျံ့လေးက နှုတ်ခေါင်းဝကို ကလူကျီစယ်နေသလို ထနောင်းပင်အိုကြီးများ၏ အရိပ်ကလည်း အညာပုဂံ၏ အလှကို တစ်ထောင့်တစ်နေရာက ပုံဖော်ခြယ်သနေသယောင်။
 
ဖွားစောရောက်လေမှ သူမဟာ ဖွားစောရွာ၏ မျက်နှာဖုံးသူဌေးတစ်ဦး၏ သမီးဖြစ်နေသည့်ကို သိခဲ့ရလေသည်။  ဒါတွေက သူ့ အတွက် အရေးမကြီးပေ။ အရေးကြီးတာက မမ။ မမကို တွေ့ရဖို့သာ စိတ်က လောနေလေသည်။ ကျွန်းတိုင်ကြီးများ၏ အခိုင်အမာတည်ဆောက်ထားသော အိမ်ကြီးကို သူ့ ငေးကြည့်လိုက်ပြီး ခြံတံခါးဖွင့်ထားသဖြင့် ခြံတံခါးကို အသာတွန်းဖွင့်လိုက်လေသည်။ အိမ်ကြီး၏ မျက်နှာစာ ဆိုင်းဘုတ်က "မဏိရတနာစံအိမ်"တဲ့လေ။

"အချစ်တွေနှင့် လိုက်လာခဲ့သော ကျွန်တော်ကို ရက်ရက်စက်စက်တော့ နှင်မထုတ်ပါနဲ့ ဆူးရယ်"
                      🎶🎶🎶

"ဘယ်သူနဲ့တွေ့ချင်လို့လဲကွယ့်"

အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး သူ့ကို ခရီးဦးကြိုလာလေသည်။  ရည်မွန်စွာ မေးလာသော ထိုအမျိုးသမီးကို ကြည့်ပြီး သူ့ ပြုံးပြလိုက်မိလေသည်။

"ကျွန်တော် ဒီစံအိမ်က မဆူးပန်းရိပ်နဲ့ တွေ့ချင်လို့ပါ"

"ဆူးပန်းရိပ်ဆိုတာ ဒီစံအိမ်က သခင်မလေးပဲ၊ အဒေါ်က အိမ်တော်ထိန်း ခင်ထားရီပါ၊ လူလေး လာရှာတဲ့ သခင်မလေး ဆူးပန်းရိပ်ကို ဒီကို ရောက်မလာခဲ့ပါဘူး"

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now