8 U/Z

6.3K 181 9
                                    

ဆေးရုံကိုရောက်သည့်တိုင် နာကျင်မှုကို အလူးအလဲခံစားနေရသည့် သူမကိုကြည့်ပြီး  သူ့ရင်ထဲ ဆိုနင့်လာရလေသည်။

နောက်ဆုံး ဆရာဝန်တွေလက်ထဲ ထည့်ပေးလိုက်သည့် တိုင်အောင် နွမ်းဖျော့နေသော သူမ မျက်နှာလေးကို အဂ္ဂါ မြင်ယောင်နေမိဆဲ ဖြစ်သည်။  တကယ်ဆို ဘယ်သူကို အပြစ်တင်ရမလဲ။ သူ့ ထူပူနေရလေပြီ ဖြစ်သည်။

"ဘယ်လိုဖြစ်တာလဲ အဂ္ဂါ"

"ကိုကို"

ဂျူတီကုတ်ဖြင့် အနားရောက်လာသော အစ်ကို ကို့ ကြည့်ပြီး အဂ္ဂါ စကားပြောရန် အားယူနေစဥ်

"ဆူး နဲ့ မင်း ဘယ်လိုပတ်သတ်နေတာလဲ အဂ္ဂါ၊ ဆူး ဗိုက်ထဲက ကိုယ်ဝန်က ဘယ်သူနဲ့ရတာလဲ"

အဂ္ဂါ  ဘာစကားမှ မပြောနိုင်လောက်အောင် ဆွံ့အနေရလေသည်။ ပိုင် ဒေါသတွေ ဖြစ်လာကာ

"မင်းကို ငါ့မေးနေတယ်လေ အဂ္ဂါ၊ ဆူး ကိုယ်ဝန်က ဘယ်သူနဲ့ ရတာလဲလို့"

"ညီ ညီကို ခွင့်လွှတ်ပါ ကိုကို"

"ဘာ  ဒါ ဒါဆို မင်း နဲ့ ဆူး"

ပိုင် အံ့သြလွန်း၍ ဘာဆက်ပြောရမှန်း မသိဖြစ်သွားရလေသည်။

"ကျွန်တော် ဆူးနဲ့ လက်ထပ်ခဲ့တာ ၅ လကျော်ပြီ"

"ဘာ!  မင်း ဘာတွေ လုပ်နေတာလဲ၊ ခြွေကို လက်ထပ်ဖို့ အဒေါ်သဘောတူနေတာက"

"ဆူး နဲ့ လက်ထပ်ထားတာ အမေ မသိဘူး၊ သူကို ကျွန်တော် တိတ်တိတ်ပုန်း လက်ထပ်ထားတာ"

"ဘာကွ"

"ခွပ်"

ပိုင်  ဒေါသတွေ ချုပ်တီးထားသမျှ လွှတ်ထွက်သွားကာ လက်သီးဖြင့် အဂ္ဂါ မျက်နှာအား ထိုးချလိုက်လေသည်။ အဂ္ဂါ ခန္ဓာကိုယ် အနောက်ယိုင်ကျသွားကာ ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ပြီး

"ကျွန်တော်တောင်းပန်ပါတယ် ကိုကိုရာ"

"တော်စမ်း အဂ္ဂါ၊ မင်းတောင်းပန်ရမှာ ငါ့ကို မဟုတ်ဘူး ဆူးကိုကွ"

"လူနာရှင်"

"ကျွန်တော်ပါ ဆရာမ"

အခန်းထဲမှ ထွက်လာသော ဆရာမလေး အနားကို အဂ္ဂါ ပြေးသွားမိလေသည်။ ဆရာမလေးက သူ့ကို တစ်ချက်ကြည့်ပြီး

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now