"ဆူး ဟိုရောက်ရင် ကိုယ့်ကိုယ်ကို ဂရုစိုက်နော်၊ ပြီးတော့လည်း ငါ့ဆီကို မကြာမကြာ ဖုန်းဆက်နော်"
အဖွားအိုပေါက်စလေးသဖွယ် မှာတမ်းတွေခြွေနေသော ကြည်ပြာကို ဆူး ပြုံး၍ ကြည့်လိုက်ပြီး
"အမလေး ဒေါ်ကြည်ပြာရယ်၊ ပြန်မတွေ့တဲ့ သူတွေကျနေတာပဲနော်၊ အဟင့် စိတ်ချ စိတ်ချ ၊ ဖုန်းဆက်ပါများလို့ ပြီးမှ စိတ်မပျက်သွားနဲ့ နော် အစ်မလေး"
"ဆူး နင်ကလေ တကယ်ပဲ"
ဆူး ကြည်ပြာလက်ကလေးကို ဆုတ်ကိုင်လိုက်ပြီး
"ချစ်တယ်နော် ကြည်ပြာ၊ ပြီးတော့ အရာရာအားလုံးအတွက် ကျေးဇူးပါ"
"မလိုပါဘူး ဆူးရယ်၊ နင့်နဲ့ ငါ့က ညီမတွေပဲလေ"
တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက် နှုတ်ဆက်လိုက်ကြပြီး ကြည်ပြာက ဆူးရဲ့ ခရီးဆောင်အိတ်ကို တက္ကဆီပေါ်သို့ တင်လိုက်လေသည်။ ထိုစဉ် ခြံထဲသို့ ခပ်ကြမ်းကြမ်းမောင်းဝင်လာလေသော ကား တစ်စီး။ ထိုကားပေါ်မှ ဆင်းလာသူများက ပိုင်စေစားနှင့် အသက်လတ်ပိုင်း အမျိုးသမီး တစ်ဉီး။
"ဆူး နင် ဘယ်သွားမလို့"
ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလျှောက်လာသော ပိုင်က သူမလက်ကို လှမ်းဆွဲပြီးမေးလိုက်လေသည်။
ဆူးလည်း ရုတ်တရတ်မို့ ကြောင်ငေးသွားရာမှ သူ့ကို အသာကြည့်ပြီး
"ငါ့ ပုဂံပြန်တော့မယ် ပိုင်"
"ဟာ ကျစ်၊ ဒီလိုလုပ်လို့ ဒီကိစ္စက ပြီးသွားမှာလား ဆူး၊ နင် ငါ့နဲ့ လိုက်ခဲ့၊ အဂ္ဂါ နဲ့ ငါ ပေါ်တင်ရှင်းမယ်"
"ဟင်းအင်း ငါ့ မလိုက်ဘူး ပိုင်၊ ငါနဲ့ သူက အခုဆို ဘာမှမဆိုင်တော့တာ"
ရီဝေဆွေးမြေ့နေသော သူမ မျက်ဝန်းတွေက တစ်စုံတစ်ခုကို နာကျင် ခံရခက်နေသည့် ဟန် ဖြစ်နေလေသည်။
"နင် စကားကို အလွယ်မပြောနဲ့၊ နင့် ဗိုက်ထဲက ကလေးက ဒီအတိုင်းနေမှာ မဟုတ်ဘူး ဆူး၊ အဖေ ရှိရဲ့နဲ့ ဖခင် မဲ့အောင် မလုပ်ချင်စမ်းပါနဲ့ ဆူးရာ"
သူငယ်ချင်း ဆိုလည်း ဟုတ်။ ညီမလေး တစ်ယောက်လို ချစ်ရသူလည်း ဖြစ်တာကြောင့် ပိုင် စိတ်မကောင်းဖြစ်မိလေသည်။
YOU ARE READING
မ~~~နှလုံးသားနှင့်အနီးဆုံး
Romanceကျွန်တော်နဲ့ ခင်ဗျား လက်ထပ်တယ်ဆိုတာ စာချုပ်တစ်ခုပေါ်မှာပဲ၊ တကယ်တော့ ခင်ဗျား ကျွန်တော်က သူစိမ်းပဲ မင်းအဂ္ဂါ အရှက်သိက္ခာ အဟက်ရယ်တော့ရယ်ရသား၊ မိန်းကလေး အရက်သောက်ရင် အရှက်မရှိဘူးလို့ ဘယ်သူကပြောလဲ၊ အဟက် ငါကျ အရက်သောက်လို့ အရ...