20 U/Z

10.1K 134 7
                                    

ပြန်မလာတော့သူ တစ်ဦးကို မျှော်လင့်ရင်း အသက်ရှင်နေရသူ မင်းအဂ္ဂါဆိုသော လူသားတစ်ဦးရဲ့ အဖြစ်က အရမ်းကို လှောင်ပြောင်ရယ်မောစရာကောင်းနေလေသည်။ 

သို့သော် ဘယ်အချိန်ဖြစ်ဖြစ် သူ့ စောင့်နေမည်။ သူမ အခြားသူတစ်ဦးနှင့် လက်မထပ်ဖြစ်ဘူးဆိုသည့်က သူ့ အတွက် မျှော်လင့်ချက်တစ်ခုဖြစ်နေလေသည်။

ဘယ်အချိန်ပြန်လာမည့်ကို မသိသော သူမကို သူ့ မျှော်လင့်နေခဲ့သည့်မှာ အနှစ် ၂၀ ရှိပြီဖြစ်သည်။ သူ့နှင့် ပတ်သတ်ခဲ့ဖူးသော မြန်မာပြည်ကို ခြေမချတော့ဘူးဟု သူမ ဆုံးဖြတ်ထားလေသလား။

ထိုနေ့က သူ့ မှတ်မိနေပါသေးသည်။ သံယောဇဥ် မပြတ်နိုင်သည့် သူက "မဏိရတနာစံအိမ်" သို့ ဒုတိယတစ်ကြိမ်ပြန်ရောက်ခဲ့လေသည်။  စံအိမ်ကို ရောက်သည့်နှင့် ကြားလိုက်ရသည့် သတင်းက သူ့ ရင်ဝကို ဆောင့်ကန်လိုက်သလို ဖြစ်သွားလေသည်။ ညောင်ဦးကနေ မကွေးလေဆိပ်ကို အပြေးနှင်ခဲ့သော်လည်း သူ့ အတွက် တစ်သက်စာ နောင်တတွေချန်ခဲ့ပြီး သူမကတော့ မြန်မာပြည်ကို ကျောခိုင်းသွားလေသည်။

သူ့သည့်သာ အနှစ် ၂၀ လုံးလုံး သောကတွေဖြင့် ကျန်ရစ်ခဲ့ရသလို နောင်တဆိုတာ သူ့ အတွက် ဆေးခါးရည်ဖြစ်ခဲ့လေသည်။

ခြွေ နှင့် လက်ထပ်ဖို့ မိခင်ဖြစ်သူ အကြိမ်ကြိမ်တိုက်တွန်းခဲ့သည့်ကို သူ့သည် ခေါင်းမာစွာ ငြင်းဆန်ခဲ့သည့်မှာ ယနေ့အထိဖြစ်သည်။ နောက်ဆုံး သူ့ကို နားချမရသည့် မိခင်သည် မြေးဖြစ်သူကိုသာ ပြုစုရင်း တောင်ငူအိမ်မှာ ခေါင်းချသွားခဲ့လေသည်။ သား ၁၀နှစ်သား အရွယ်မှာ တောင်ငူမြေကို သူ့ ကျောခိုင်းခဲ့ပြီး ရန်ကုန်ကို ပြောင်းရွေ့အခြချခဲ့လေသည်။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို ဦးဆောင်လုပ်ရင်း သူ့ သည် ၁၀ နှစ်အတွင်း မြန်မာပြည်ရဲ့ ထိပ်တန်းစရင်းဝင် သူဌေးတစ်ဦး ဖြစ်လာခဲ့လေသည်။

သားကိုတော့ သူ့ ဝါသနာပါသည့် မော်ဒယ်အလုပ်ကို လုပ်စေပြီး  fashion ဆိုင်လေးဖွင့်စေကာ ကိုယ်ပိုင်စီးပွားရေးနှင့် ရပ်တည်စေခဲ့လေသည်။ သူကတော့ သူမ မရှိသည့် နှစ်တွေမှာ စီးပွားရေး လုပ်ငန်းတွေကိုသာ ဇောက်ချလုပ်ခဲ့လေသည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now