ခြေလှမ်းတွေက သူမနှင့် ဝေးရာသွားဖို့ ခွင့်မပြုချင်မိပေ။ ဖွားစောရွာရဲ့ ရွာလမ်းကလေးအတိုင်း သူ့ ပြန်ထွက်လာလေတော့ ရွာလမ်းထိပ်မှာ တိုးတိုးသဲ့သဲ့ကြားလိုက်ရသော စကားသံကြောင့် သူ့ ခြေလှမ်းတွေ ရပ်တန့်သွားရလေသည်။"မတင်မြင့် မဏိရတနာစံအိမ်က သခင်မလေး ပြန်ရောက်နေတယ် ဆိုတာ ဟုတ်လားအေ"
"ဟုတ်တယ်ပြောတယ်အေ၊ ကျုပ်လည်း ကြားမိတယ်၊ တစ်နေ့က ရောက်တယ် ပြောတယ်၊ လသားအရွယ် ကလေးလေး တစ်ယောက်လဲ ပါလာတယ် ပြောတယ်၊ ဒါ ကျုပ် ကြားမိသလောက်နော် ခင်မြ"
ခင်မြ ဆိုသော အမျိုးသမီးက ခေါင်းကို တဆက်ဆက်ငြိမ့်ရင်း
"နှစ်တွေလည်း ကြာခဲ့ပြီလေ၊ သခင်မလေး အိမ်ထောင်ကျသွားတာလဲ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် မတင်မြင့်ရယ်"
"ဟာ"
အမျိုးသမီးနှစ်ဦး၏ စကားကို နားထောင်ရင်း သူ့ ရင်တစ်ခုလုံး ဆို့နင့်သွားရလေသည်။
ရှိရဲ့နဲ့ ဘာလို့ ညာရက်လေသလဲ။ တွေးမိလေတော့ ရင်ထဲက အစိုင်အခဲ ထုထည်က နာကျင်လာရပြန်ပါသည်။ ရပ်တန့်နေသော သူ့ ခြေလှမ်းတွေလည်း တစ်စုံတစ်ယောက်ရှိရာသို့ ဦးတည်ရင်း~~~။
🎶🎶🎶မီးရောင်မှိန်ပျပျအောက်မှာ ဆူး အတွေးတွေ ရှုပ်ထွေးနေလေသည်။ ဆူး မောင့်ကို မုန်း၍ မဟုတ်ပါသော်လည်း ဆူး နှင့် မောင်သည့် ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့်မို့ သူမ မောင့်ကို လက်လွှတ်ခဲ့ရခြင်း ဖြစ်သည်။
လွမ်းတာရှိလေလျှင် နာတာနှင့် ဖြေဆိုသည့် စကားအတိုင်း မောင့်ကို မုန်း၍ မဟုတ်သော်လည်း ဆူး စိတ်အစဥ်ကတော့ မောင့်ကြောင့် အမြဲနာကျင်နေဆဲ ဖြစ်သည်။
"ဘုတ်"
"ဟင်"
မြေပြင်ပေါ် တစ်ခုခု ပြုတ်ကျလာသော အသံတစ်ခုကြောင့် ဒန်းပေါ်ထိုင်နေသော သူမ ခန္ဓာကိုယ်လေး မတ်သွားရလေသည်။ ထိုစဥ် သူမ အနားတိုးကပ်လာသော အရိပ်တစ်ခုကြောင့်
"မင်း မင်းအဂ္ဂါ"
အဂ္ဂါရဲ့ စူးရှလွန်းသော အကြည့်တွေက သူမ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးစားလုမတက်ကြည့်နေလေသော သူ့ အကြည့်တွေက ကြောက်စရာ။ ဆူး သူ့ကို ကြည့်ကာ လန့်လာရကာ
YOU ARE READING
မ~~~နှလုံးသားနှင့်အနီးဆုံး
Romanceကျွန်တော်နဲ့ ခင်ဗျား လက်ထပ်တယ်ဆိုတာ စာချုပ်တစ်ခုပေါ်မှာပဲ၊ တကယ်တော့ ခင်ဗျား ကျွန်တော်က သူစိမ်းပဲ မင်းအဂ္ဂါ အရှက်သိက္ခာ အဟက်ရယ်တော့ရယ်ရသား၊ မိန်းကလေး အရက်သောက်ရင် အရှက်မရှိဘူးလို့ ဘယ်သူကပြောလဲ၊ အဟက် ငါကျ အရက်သောက်လို့ အရ...