7 U/Z

6K 165 11
                                    

အတိတ်တွေကို ပြန်တွေးမိလေတော့ ဆူး နှလုံးသားတွေ တဆစ်ဆစ်နာကျင်လာရပြန်ပါသည်။  ကိုယ့်ချစ်သလောက် ကိုယ့်ပြန်ရခဲ့တာတွေက နာကျင်မှုတွေတဲ့လား။

"ဆူး ထမင်းစားမယ်လေ၊ ဘာတွေ တွေးနေတာလဲ"

"အော် အင်း လာပြီ"

ဆူး အပြုံးနွမ်းနွမ်းလေးဖြင့် ကြည်ပြာကို စကားလှည့်ပြောကာ အခန်းအပြင်ထွက်ခဲ့လိုက်လေသည်။

ထမင်းစားခန်းဆီ ရောက်​တော့ ကြည်ပြာချက်ထားတဲ့ ဟင်းတွေကို ကြည့်ပြီး လူက အနည်းငယ် ပျို့အန်ချင်လာရလေသည်။

"ဒီမှာနင့်ကြိုက်တတ်တဲ့ ပုဇွန်ထုတ်ချက်၊ နင်ပြန်လာတာနဲ့ အတော်ပဲသိလားဆူး၊ မနေ့ကမှ ငါ့ကလဲ စျေးသွားထားတာ၊ စား သူငယ်ချင်း၊ ငါ့ သူငယ်ချင်း ပြန်လာတဲ့ အတွက် ငါ့ ကိုယ်တိုင် သေချာလေး ချက်ထားတာ၊ ကြက်သားအကြွပ်လေးလဲ ကြော်ထားတယ်၊ ဟင်းရည်ကတော့ ၁၂ မျိုး ဟင်းချို ၊ နင့် ကြိုက်တဲ့ ဟင်းတွေပဲ"

"အင်း"

"အဟွတ် အဟွတ်"

"ဟဲ့ ဆူး ဆူး ဘာဖြစ်တာလဲ"

ရင်ထဲက ပျို့တက်လာသော ဝေဒနာတစ်ရပ်က မလူးသာမလွန့်သာ ခံစားလာရသဖြင့် ဘေစင်ကို အမြန်ပြေးကာ အန်ချလိုက်ရလေသည်။

"ဘာ ဘာဖြစ်တာလဲ ဆူး ၊ နင် ရိုးရော ရိုးရဲ့လား"

"အီး အီး"

ရင်ထဲက ဝမ်းနည်းမှုက လှိုက်တက်လာကာ ဟီးတိုက်ငိုချလိုက်မိလေသည်။

"ငါ ငါ ဘယ်လိုပြောရမလဲ ကြည်ပြာရယ်"

"ဘုရား ဘုရား"

ကြည်ပြာ ဘုရားတလျှက်ကပင်

"နင် နင် ဘာတွေဖြစ်လာတာလဲ ဆူး၊ နင့် နင့်မှာ ကိုယ်ဝန်ရှိနေတာတော့ မဟုတ်ပါဘူးနော်"

ထိတ်ထိတ်ပြာပြာဖြင့် မေးနေသူက ကြည်ပြာဖြစ်သည်။ ဆူးမှာတော့ ကိုယ့်အဖြစ်ကိုယ့် ဝမ်းနည်းရလွန်း၍

"ငါ့ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ အဟင့်"

"ဘာ ဘာပြောလိုက်တယ် ဆူး"

မယုံနိုင်ခြင်း အံ့သြခြင်းများစွာဖြင့် ကြည်ပြာ အံ့သြတုန်လှုပ်သွားရလေသည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now