11 U/Z

5.8K 153 5
                                    

မောင် ပေးလာသည့် အမုန်းတွေကို ခံစားရင်း ကျွန်မ အသက်ရှင်ရသည့်ကို မုန်းလာမိသည်။ ကျွန်မ လူတစ်ယောက်ကို ချစ်ရသည့်မှာ သိပ်ကို ပင်ပန်းလွန်းလှသည်။ ထိုကြောင့် မောင်ကို ကျွန်မ ထိုနေ့မှစ၍ လစ်လျှူရှုတော့မည်ဟု ဆုံးဖြတ်လိုက်မိသည်။

"အော် သမီး ဗိုက်ဆာပြီလား"

နူးညံ့ညင်သာသော အပြုံးတို့နှင့် မောင့်မေမေ။ သူမ ဒီအိမ်ကို စရောက်ကတည်းက လိုလေသင့်မရှိလေအောင် စောင့်ရှောက်တတ်သော မောင့်မေမေ။ အေးချမ်းသည့် အပြုံးတွေနှင့် မောင့်မေမေ။

"အမေ ကြက်သားချက်လေး ငရုတ်သီးနည်းနည်းနဲ့ ချက်ထားတယ်၊ သမီး ထမင်းဆာရင် စားဖို့ အမေ ပြင်ထားလိုက်မယ်နော်"

သူမ ကိုယ် သူမ အမေ ဟု သုံးနှုန်းတတ်သော ထိုအမျိုးသမီးကြီးကို ဆူး သံယောဇဥ် ရှိနေမိပြီ ဖြစ်သည်။

ဆူး အတွက် အစားအသောက်က စပြီး ဆေးသောက်ချိန်က အစ ဂရုစိုက်ပေးတတ်သည့် မောင့် မေမေက မောင့် ရင်သွေးကြောင့်များလား ဟု တစ်ခါတစ်လေ ဆူး သံသယဝင်မိသော်လည်း မောင့်မေမေကတော့ တည်ငြိမ်အေးချမ်းစွာသာ ဆူး အပေါ် ဆံဆက်ရှာသည့်က သူမရင်က ချစ်ခြင်းတစ်ချို့ပါဝင်နေသည့်က သိသာလွန်းနေလေသည်။

မိခင်မရှိတော့သည့် ဆူးအတွက်တော့ မောင့်မေမေ၏ ဂရုစိုက်မှုကို သာယာမိခဲ့ပြီ ဖြစ်သည်။
                           🎶🎶🎶

"ဒေါက် ဒေါက်"

တံခါးခေါက်သံကြောင့် ဒေါ်သီသီ ဖတ်လက်စ တရားစာအုပ်ကို ချလိုက်ပြီး

"သား အဂ္ဂါလား"

"ဟုတ်ကဲ့"

"အေး မေမေ မအိပ်သေးဘူး ဝင်ခဲ့"

မေမေ့ထံမှ ခွင့်ပြုချက်ရသည့်နှင့် အဂ္ဂါ အခန်းထဲဝင်ခဲ့လိုက်လေသည်။ မေမေက အိပ်ယာပေါ်မှာ ခြေဆင်းထိုင်ပြီး သူကို စောင့်မျှော်နေသည့်က သိသာလွန်းလှလေသည်။ အခန်းထဲဝင်လာသော သူ့ကို မေမေက  တစ်ချက်ကြည့်ပြီး

"ထိုင်လေ သား၊ သားကို မေမေပြောစရာရှိလို့ မေမေစောင့်နေတာ"

အေးဆေးသော မေမေ စကားသံ အဆုံးမှာ သူ့ မေမေရှေ့ ဝင်ထိုင်လိုက်လေသည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now