2 U/Z

8K 172 4
                                    

ဇူလိုင်မိုးက အပြင်မှာ အရှိန်နှင့် ရွာကောင်းနေလေသည်။ ဆူး ရင်ထဲမှာတော့ သူ့ကို လွမ်း၍လား။ ဒါမှမဟုတ် တမ်းတ၍လား။ အမှန်တကယ်ဆို သူမ အမှားက ဆိုဖွယ်ရာမရှိသော်လည်း သူ့၏ အပြစ်ပေးနည်းကတော့ လွန်စွာမှ ရက်စက်လွန်းလှလေသည်။ မှန်ပြတင်းပေါက်မှ တစ်ဆင့် မိုးရေစက်တွေကို ငေးကြည့်ရင်း မျက်ရည်ဥတစ်ချို့က ပါးပြင်ပေါ် စိုစွတ်လာရပြန်ပါသည်။

အတိတ်ရဲ့ နေ့ရက်တွေဆီ ပြန်လည်ရောက်လာလေတော့ အသည်းခိုက် ချမ်းအေးလွန်းသည့် ဒီဇင်ဘာ။ အလွမ်းရဲ့ အငွေ့အသက်တွေက ဆောင်းရာသီနှင့် လွမ်းစရာကောင်းနေလေသည်။

ယောကျာ်းတစ်ယောက်ကို ချစ်ခဲ့ဖူးလား ဆိုတော့ ချစ်ခဲ့ဖူးတာပေါ့။ ထိုယောကျာ်းက မိမိအတွက် မဟုတ်သည့်ကို သိခဲ့လေတော့ ထိုယောကျာ်းကို မေ့ပစ်ဖို့ သူမ စိတ်တို့က ကြိုးစားနေချိန် ဖြစ်သည်။

သူမ ဘဝထဲကို ဒုတိယ အကြိမ်အချစ်နှင့် စစ်ခင်းဖို့ အချစ်သစ်အဖြစ် မြှားနတ်မောင် ဖန်တီးပေးခဲ့သူက မင်းအဂ္ဂါဆိုသော ချာတိတ်လေးပင် ဖြစ်သည်။ ကျိန်ဆိုကျိန်ရဲပါသည်။ ထိုအမျိုးသားလေးကို သူမ နှလုံးသားက မြတ်နိုးစွာ ချစ်ခဲ့ဖူးပါသည်။ ထိုအမျိုးသားလေးကြောင့် နူးညံ့သိမ်မွေ့လှသော ချစ်ခြင်းမေတ္တာဆိုသော ပြယုဂ်လေးကို  သူမနွေးထွေးစွာ  ရင်ခုန်လှိုက်မောတက်ခဲ့ခြင်း ဖြစ်သည်။

"မ မောင်တို့ နှစ်ယောက် လက်ထပ်ကြမယ်လေ"

မောင်ထံမှ လက်ထပ်မည့် ဆိုသည့် စကားသံသဲ့သဲ့ကို ကြားမိပြန်တော့  သူမ ကြည်နူးမိပြန်ပါသည်။

မောင်လက်ကလေးကို ဆုတ်ကိုင်ရင်း ပန်းခြံထဲ လမ်းလျှောက်ရသည့် ကြည်နူးမှုကို သူမ ရင်ထဲပြောမပြတတ်အောင် ပီတိဖြစ်မိလေသည်။

"မောင်ဘက်က အဆင်ပြေရင် လက်ထပ်ဖို့ဆိုတာ ဆူးကို ပြောနေဖို့တောင် မလိုပါဘူး မောင်ရယ်၊ မောင် နဲ့ ဆူး နှစ်ယောက်လုံးမှာ မိဘတွေ မရှိကြတော့လည်း ကိုယ့်ဘဝ ကိုယ့် ရွေးချယ်ရမှာပဲလေ"

အဂ္ဂါ နှစ်ခြိုက်ခြိုက်ပြုံးလိုက်ပြီး

"ok လေ၊ ဒါဆို ရှေ့အပတ်ထဲ မောင်တို့ လက်ထပ်ကြပြီး မောင် နဲ့ မ နှစ်ယောက် နှစ်ယောက်တစ်ဘဝ ထူထောင်ကြတာပေါ့"

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now