5 U/Z

5.9K 181 7
                                    

ဆေးရုံမှာ တစ်ညနှင့် တစ်ရက် လူနာတစ်ဦးလို နေထိုင်ခဲ့ပြီး မောင့် ရှိမည် မထင်သော တိုက်ခန်းသို့ ပြန်ခဲ့လိုက်လေသည်။ တိုက်ခန်းရှေ့ ရောက်လေတော့ တံခါးဟထားသဖြင့် မောင်ရှိနေသည့်ကို သူမ သိလိုက်လေသည်။

ထူးဆန်းသည့်က တံခါးဖွင့်ထားခြင်း ဖြစ်သည်။ အခန်းတံခါးကို အသာဟပြီး အခန်းထဲဝင်ခဲ့လေတော့ အတွင်းအခန်းတံခါးလည်း ဖွင့်ထားလေသည့်ကို တွေ့လိုက်ရလေသည်။ အတွင်းအခန်းကို အသာဝင်ခဲ့တော့ စောင်ခြုံပြီး ကွေးနေသည့် မောင့်ကို တွေ့လိုက်ရလေသည်။

"ဟင် မောင်"

လျှင်မြန်လွန်းလှသည့် ခြေထောက်တွေက မောင့် အနားကိုသို့ တိုးကပ်သွားကာ မောင့်နဖူးကို စမ်းလိုက်မိလေသည်။

"အို"

ကိုယ်တွေကျစ်ကျစ်တောက် ပူခြစ်ကာ အဖျားတွေတက်နေလေသည်။

"မောင် မောင်"

"ရေ ရေပေးပါ"

မောင့် နှုတ်ခမ်းပါးမှ တိုးလျှစွာ ထွက်ပေါ်လာသော စကားသံသဲ့သဲ့ကြောင့် အပြေးအလွှားရေခပ်ရပြန်ပါသည်။

ဖန်ခွက်ထဲ ရေကို အသာထည့်ကာ အခန်းထဲ ပြန်ဝင်လာခဲ့ပြီး သူ့ကို တွဲထူကာ ရေတိုက်ရပြန်ပါသည်။

"ဆူး"

တိုးလျှလျှ မောင့် ခေါ်သံက အားအင်ချိနဲ့နေသယောင်။ ဆူး မောင့် လက်တွေကို ထွေးဆုတ်ရင်း

"ဆူး ဆူးရှိတယ် မောင်"

သူက သူမ ခန္ဓာကိုယ်လေးကို သူ့ ဘက်ကို လှမ်းဆွဲလိုက်ပြီး

"ကျွန်တော်ကို ခဏလောက် ဖက်ထားပေးပါလား"

"ဟင်"

ဆူး ကြောင်အအလေး ဖြစ်သွားစဥ်

"လုပ်ပါဗျာ၊ ကျုပ် အရမ်းချမ်းနေလို့"

ဒီလိုကျတော့လည်း ဆူးက ချစ်ရသူလေ။ မောင် စိတ်တိုင်းကျ မောင့်ကို ပွေ့ဖက်လိုက်မိလေသည်။

လျှင်မြန်သော သူက သူမကို ခပ်တင်းတင်းလေးပွေ့ဖက်လိုက်ပြီး

"ကျုပ်နဲ့ အတူ ခင်ဗျားအိပ်ချင်လို့ ဒီအခန်းထဲရောက်အောင် လာပြီး ကျုပ်ကို လာမြူဆွယ်တာ မဟုတ်လား"

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now