10 U/Z

6.1K 153 2
                                    

ည ၁နာရီ အချိန်အထိ ဆူး အိပ်၍ မပျော်နိုင်ခဲ့ပေ။  သူကြောင့်ဆူးငိုခဲ့ရသည့် မျက်ရည်များခဲ့ပြီ မဟုတ်လား။ အခုလည်း ဆူးငိုနေရပြန်ပါသည်။

မောင့်ကို ချစ်တတ်သည့် ဆူး နှလုံးသားတွေကပဲ မနာကျင်တတ်ခဲ့သည့်လား။

အခန်းမီးရောင် ပြာလဲ့လဲ့အောက်မှာ ဆူး ရှိုက်၍ ငိုနေမိလေသည်။ ထိုစဉ်

"ဘုတ်"

"ဟင် အဂ္ဂါ"

လသာဆောင်ကနေ သူမ အခန်းထဲဝင်လာသော အဂ္ဂါကို တွေ့လိုက်ရ၍ သူမ အံ့သြသွားရလေတော့သည်။

"နင် နင် ဘာ ဘာလာလုပ်တာ  အွန့်"

ကြီးမားသော လက်ဖဝါးကြီး တစ်ခုကြောင့် သူမ ပါးစပ်လေး အသံတိတ်သွားရလေသည်။

"တိတ်တိတ်နေ အသံမထွက်နဲ့ ၊ အမေသိသွားရင် ကျုပ် ဒီည အိပ်စရာနေရာမရြှိဖစ်သွားမယ်"

သူလက်ကို ဖယ်ရင်းပြောလာတော့ သူမ သူ့ မျက်နှာကို မဝံ့မရဲကြည့်ကာ စတွေးကို မြိုချရင်း

"နင် နင်က ဘယ်မှာအိပ်မှာလဲ"

"ခင်ဗျားနဲ့ အိပ်မှာ"

"ဘာ"

ဆူး အလန့်တကြားထအော်လိုက်သည့် ဆိုလျှင်ပင် အဂ္ဂါ မျက်လုံးကို ပြူးရင်း

"ဘာလို့အော်တာလဲ အမေသိရင်တော့ ပြဿနာပဲဗျာ၊ ရန်ကုန်ကနေ ဒီရောက်အောင် မနည်းကားမောင်းလာရတာ ပင်ပန်းနေပြီ၊ တိတ်တိတ်လေးနေပြီး ခင်ဗျား အိပ်လိုက်တော့"

ဆူး အဂ္ဂါကို စိတ်တိုစွာ ကြည့်လိုက်ပြီး

"အိပ်ချင်ရင် နင်ဖာသာအိပ်၊ ငါ့တော့ မအိပ်နိုင်ဘူး"

ကုတင်ပေါ်မှ စောင်နှင့် ခေါင်းအုံးကို ဆွဲယူလိုက်သော သူမ၏ ကလေးဆန်မှုကြောင့် သူ့ စိတ်ပျက်စွာ လက်​ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး

"အခုမှ ဘာဖြစ်နေတာလဲ၊ ကျုပ်နဲ့ ခင်ဗျား အတူတူလဲ အိပ်ပြီးပြီ၊ အဟွန့် ဗိုက်ထဲမှာတောင် ကလေးရှိနေပြီပဲကို အထာက ကိုင်နေသေးတယ်၊ ဘယ်လိုမိန်းမလဲ မူယာမာယာများနေသေးတယ်"

"မင်းအဂ္ဂါ"

ဒေါသတွေ ဖြစ်လွန်းတာမို့ အသားတွေ တ​ဆက်ဆက်တုန်ကာ သူ့ကို တစ်ချက်ကြည့်ရင်း

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now