19 U/Z

6.2K 131 1
                                    

အဂ္ဂါ စိတ်တွေ ရှုပ်ထွေးလွန်းနေလေသည်။ ချစ်ဇနီး၏ စွန့်ပယ်ခံ ဘဝက လူကို သေလောက်အောင် နာကျင်စေခဲ့လေသည်။  အိမ်လည်း မပြန်ချင်။ သူမရှိနေသည့် ထိုအရပ်ဒေသမှာပင် မျှော်လင့်ချက်တစ်စုံတစ်ရာကို ဖမ်းဆုတ်ပြီး နေချင်မိသည်။ ထိုကြောင့်ပင် သူမတို့ ရွာနှင့် မနီးမဝေးရှိ ဟိုတယ်တစ်ခုမှာသာ သူ့ တည်းခိုဖြစ်လေသည်။  

နေ့စဥ်နှင့် ဆိုင်ကယ်တစ်စီးဖြင့် သူမ ရှိရာ စံအိမ်ဆီရောက်လာပြီး သူမကို လာငေးရသည့်ကလည်း အမောပင်ဖြစ်သည်။ အခုဆို စားချိန် အိပ်ချိန်တောင် သူမှာအချိန်မမှန်တော့ပေ။ နေ့စဥ်အမျှ သူမ အိမ်ရှေ့မှာသာ သူ့ အချိန်တွေ ကုန်ခဲ့ရလေသည်။ ဥပေက္ခာပြုခြင်းနှင့် ကျောခိုင်းထားသည့် သူမကတော့ သူ့ကို ယောင်လို့ပင် လှည့်ကြည့်မလာခဲ့ပေ။

"ဦးလေး ကျွန်တော်ကို ဆူးနဲ့တွေ့ခွင့်ပေးပါ"

ထိုနေ့တွင်တော့ သူ မည်သို့မှ မနေနိုင်တော့ပေ။ ရွာထဲဝင်လာကတည်းက ဆူးရဲ့ စေ့စပ်ပွဲ သတင်းက သူ့ နားစည်ကို ပူလောင်စွာ မြည်းဟီးလာခဲ့လေသည်။

"ဟင်းအင်း အဲ့လိုလုပ်လို့ မရဘူးလေဗျာ၊ ကျွန်တော် တောင်းပန်ပါတယ် ဆူးရယ်"

"တစ်ကြိမ်တစ်ခါလောက်တော့ ကျွန်တော်ကို အခွင့်အရေးတစ်ခုလောက်ပေးပါတော့လား ဗျာ"

လွှင့်စင်ကျလာသော မျက်ရည်တွေ သူ့ မသုတ်မိပေ။ မဏိရတနာ စံအိမ်က ဦးကြီးကိုသာ စံအိမ်ထဲဝင်ဖို့ သူ့ ခွင့်တောင်းနေခဲ့မိလေသည်။
မည်သို့မျှ ခွင့်တောင်းမရသည့် အဆုံး သူ့ ဒူးတုတ်ထိုင်ချကာ ဒူးထောက်တောင်းပန်လေမှ ခြံစောင့်ကြီးက သူ့ကို သနားဂရုဏာ မျက်ဝန်းများဖြင့် ကြည့်ပြီး ခြံထဲဝင်ခွင့်ပေးခဲ့လေသည်။

စံအိမ်ကြီးအတွင်းကို သူ့ မောဟိုက်စွာ ပြေးဝင်ခဲ့မိလေသည်။  လူကြီးစုံရာရှေ့မှာ ဆူးနှင့် လက်ထပ်မည့် သူရော ဆူးရော နှစ်ဦးအတူ ထိုင်နေကြလေသည်။ ထိုမြင်ကွင်းက သူ့ကို နာကျင်စေခဲ့လေသည်။

"ဆူး အဲ့လိုလုပ်လို့ ရလို့လား"

အမောတဇော ပြေးဝင်လာရင်း စကားဆိုလာသော အဂ္ဂါထံ အားလုံး အကြည့်တွေရောက်သွားရလေသည်။ ဆူး မျက်ဝန်းဝိုင်းလေးဖြင့် သူ့ကို ကြည့်မိလိုက်လေသည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now