ဆူး နှင့် အဂ္ဂါ၏ လက်ထပ်ပွဲလေးက အဆင်ပြေပြေနှင့် ပြီးသွားခဲ့လေသည်။
အကျဥ်းရုံးလက်ထပ်ခဲ့သော ပွဲလေးဆိုသော
ပွဲလေးဖြစ်သော်လည်း သတင်းစာထဲထည့်ကာ တစ်နိုင်ငံလုံးအတိအလင်းကြေငြာခဲ့လေသည်။ဆူးကတော့ ဒေါ်သီသီ လုပ်သမျှကို ဘာတစ်ခုမှ ချိုသည့်ခါးသည့် ဝင်မပြောလေဘဲ ငြိမ်သက်နေလိုက်လေသည်။ ယခု လက်ထပ်ပွဲကလည်း သူမ အတွက် အရေးသိပ်မပါခဲ့ဘူး မဟုတ်လား။
မင်္ဂလာပွဲပြီးကတည်းက အိပ်ရာထက်ခွေနေသော သူမကို ကြည့်ပြီး အဂ္ဂါ သက်မနွေးနွေးကိုသာ ရှိုက်လိုက်မိလေသည်။ ပူဖောင်းဖောင်းဖြစ်လာလေသော ဗိုက်ကလေးကို တစိမ့်စိမ့်ကြည့်ရင်း ဘေးတစ်စောင်းအိပ်နေလေသော သူမ ဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ကိုယ်ဝန်ကြောင့် ပြည့်တင်းလာသော သူမ မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း ပူတင်းကာစ ဗိုက်ကလေးကို ကိုင်ကြည့်ချင်မိသည့် စိတ်တွေ ဖြစ်လာရလေသည်။ ကိုင်လိုက်လေလျှင် အိပ်နေသည့် သူမနိုးသွားမည့်ကိုလည်း စိုးရိမ်မိလေသည်။
မည်သို့မျှ မနေနိုင်သည့် အဆုံး သူမ မျက်နှာလေးကို ခိုးကြည့်ပြီး ဗိုက်မို့မို့လေးကို ပွတ်သပ်လိုက်မိလေသည်။
"ဘာ ဘာလုပ်တာလဲ"
အအိပ်စက်လွန်းသည့် ဆူး။ ဗိုက်ပေါ်ရွစိရွစိ ပြေးလွှားနေသော လက်တစ်စုံကြောင့် လန့်နိုးသွားရလေသည်။
"ဟင် ၊ ဟို ဟို"
ရုတ်တရတ် ငုတ်တုတ်ထထိုင်လိုက်သော ဆူးကြောင့် အဂ္ဂါ ကြောင်တက်တက်ဖြစ်သွားရလေသည်။
"ငါ့ မေးနေတယ်လေ"
ဒေါသမျက်ဝန်းလေးတွေဖြင့် မေးလာသော သူမကို မဝံ့မရဲကြည့်ပြီး
"ကျွန်တော် ကလေးလေးကို ကိုင်ကြည့်ချင်လို့"
ခေါင်းငုံ့ကာပြောနေလေသော သူ့အား သူမ ခပ်စူးစူးပြန်ကြည့်ရင်း
"လာမကိုင်နဲ့ နင်နဲ့ မဆိုင်ဘူး"
ရန်တွေ့ကောင်းသည့် အစ်မကြီး။ လူကို ရန်တွေ့ပြီး တစ်ဖက်ကို စောင်းအိပ်သွားပြန်ပါသည်။ ဘာတက်နိုင်မလဲ ကိုယ့်အပြစ်နှင့် ကိုယ့်မို့ အသာငြိမ်နေလိုက်ရလေသည်။ ဒီကနေ့ညတော့ မင်္ဂလာသတိုးသား ဖြစ်သည့် သူက သူမ အနားလည်း မကပ်ရဲ။ ဆိုဖာပေါ်သာ နှစ်ပါးသွားပြီး အိပ်စက်လိုက်ရလေသည်။
🎶🎶🎶
YOU ARE READING
မ~~~နှလုံးသားနှင့်အနီးဆုံး
Romanceကျွန်တော်နဲ့ ခင်ဗျား လက်ထပ်တယ်ဆိုတာ စာချုပ်တစ်ခုပေါ်မှာပဲ၊ တကယ်တော့ ခင်ဗျား ကျွန်တော်က သူစိမ်းပဲ မင်းအဂ္ဂါ အရှက်သိက္ခာ အဟက်ရယ်တော့ရယ်ရသား၊ မိန်းကလေး အရက်သောက်ရင် အရှက်မရှိဘူးလို့ ဘယ်သူကပြောလဲ၊ အဟက် ငါကျ အရက်သောက်လို့ အရ...