"ဟယ် ဆူး"
ကြမ်းပြင်ထက်မှာ သတိလစ်မေ့မျှော့နေသော ဆူးကို ဟေမာတွေ့လိုက်ရလေတော့ အထိတ်တလန့်ဖြစ်သွားရလေသည်။
"ဆူး ဆူးပန်းရိပ်"
ခန္ဓာကိုယ်ကို လှုပ်ရမ်းမိလေတော့ ဘယ်အချိန်ကတည်းက သတိမေ့နေသည့် မသိရပေ။ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ အေးစက်နေလေသည်။ အို ဒုက္ခပါပဲ။
ဟေမာ ဖုန်းနံပါတ်တစ်ခုကို နှိပ်လိုက်ပြီး
"နေလ နင် အခုဘယ်မှာလဲ"
"________"
"အခု တိုက်ခန်းနံပါတ်( ) အမြန်လာခဲ့၊ ဆူး ဆူး သတိလစ်နေတယ်၊ ဆေးရုံပို့မှ ရမယ်"
"_________"
"အေး အေး အခုလာခဲ့နော်"
ဟေမာ ဖုန်းကို ပိတ်လိုက်ပြီး ဆူးကို ပွေ့ဖက်လိုက်မိလေသည်။ မင်းအဂ္ဂါကို ရှာကြည့်သော်လည်း အရိပ်အယောင်ပင် မတွေ့ရလေတော့ မင်းအဂ္ဂါ မရှိသည့်ကို သူမ သိလိုက်လေသည်။ ဘယ်လိုအခြေအနေမှာ ဖြစ်နေပါစေ။ ကိုယ့်ယူထားသည့် ဇနီးမယားတစ်ယောက်ကို ယခုကဲ့သို့ ပစ်ထားသည့်ကတော့ မင်းအဂ္ဂါ အတော်လွန်နေပြီ ဖြစ်သည်။
၁၅ မိနစ်မျှကြာလေတော့ နေလ ရောက်လာလေသည်။ ဟေမာ လက်ပေါ်မှ ဆူးကို ပွေ့ချီလိုက်ပြီး
"ဘယ်လိုဖြစ်ရတာလဲ ဟေမာ၊ ဆူး ဆူးက"
"မေးစရာရှိတာ နောက်မှမေးပါ နေလရယ်၊ နင်ကလဲ၊ အခု ဆူးကို ဆေးရုံအရင်ခေါ်ပါဟယ်၊ နင်ကလဲ"
"အေး အေးပါဟယ် ၊ ငါ့လည်း စိတ်ပူလို့ပါဟယ်"
ဆူး ခန္ဓာကိုယ်လေးကို နေလ ပွေ့ချီလိုက်ပြီး တိုက်ကြီးရဲ့ အောက်သို့ ဆင်းလာကာ ကားထဲ ထည့်လိုက်လေသည်။ ဒီကောင်မလေး သန်မာသည့်ဟု သူထင်ခဲ့သော်လည်း အမြဲတမ်း ပျော့ညံ့နေသည့် ကောင်မလေးမို့ သူ့ စိတ်အစဥ်ဝယ် စိုးရိမ်မကင်းဖြစ်မိလေသည်။ တောင်ငူ ဆေးရုံကို ဆူးပန်းရိပ်ဆိုသော် ကောင်မလေး စရောက်လာကတည်းက သူ့ စိတ်ဝင်စားခဲ့မိသည့်ကို သူကလွှဲ မည်သူ သိနိုင်မည်နည်း။
နောက်ဆုံး သူမ လက်ထပ်လိုက်သည့် အချိန်အထိ သူ့ ရင်ထဲက အချစ်တွေကို သူ့ သိမ်းဆည်းထားခဲ့သည့်ကို မည်သူ သိနိုင်မည်နည်း။
🎶🎶🎶
YOU ARE READING
မ~~~နှလုံးသားနှင့်အနီးဆုံး
Romanceကျွန်တော်နဲ့ ခင်ဗျား လက်ထပ်တယ်ဆိုတာ စာချုပ်တစ်ခုပေါ်မှာပဲ၊ တကယ်တော့ ခင်ဗျား ကျွန်တော်က သူစိမ်းပဲ မင်းအဂ္ဂါ အရှက်သိက္ခာ အဟက်ရယ်တော့ရယ်ရသား၊ မိန်းကလေး အရက်သောက်ရင် အရှက်မရှိဘူးလို့ ဘယ်သူကပြောလဲ၊ အဟက် ငါကျ အရက်သောက်လို့ အရ...