14 U/Z

5.2K 117 1
                                    

ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်အောင် ငိုရှိုက်ရင်း အိပ်ပျော်သွားသော သူမကို ကြည့်ပြီး အဂ္ဂါ လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်လေသည်။ အခုလို သူမ မျက်ရည်ကျနေရသည့်ကလည်း သူကြောင့်သာ ဖြစ်သည်။ အရာရာအားလုံးက သူမကောင်းခဲ့၍သာ ဖြစ်သည်။ အားလုံးရဲ့ အပြစ်ရှိသူဟာ သူတစ်ယောက်တည်းမို့~~~~။

နွမ်းလျှလာသော စိတ်ခံစားချက်တစ်ချို့တို့နှင့် အတူ သူ့ မျက်လုံးတွေက အိပ်ပျော်ခြင်းသို့ မရောက်ခဲ့ပေ။ အိပ်မပျော်သည့် အတူတူ ဝရံတာထွက် မတ်တပ်ရပ်ရင်း စီကရတ်တစ်လိပ်ကို ဖွာရှိုက်လိုက်မိလေသည်။

သူ့ လုပ်ရပ်တိုင်းက သူမကို နာကျင်စေခဲ့သည်။ သူကြောင့် အချိန်တိုင်း မျက်ရည်ကျခဲ့ရသည့် သူမ။

"တောက်!"

သူ့ကိုယ့်သူ မကျေမနပ် တက်တစ်ချက်ခက်ရင်း အံ့ကြိတ်ထားမိလေသည်။

"ခင်ဗျားကျုပ်လိုကောင်ကို ဘာလို့ချစ်ခဲ့တာလဲဗျာ၊ ကျုပ်က ခင်ဗျားကို နာကျင်စရာတွေပဲ ပေးခဲ့တာ၊ ကျုပ် အတ္တတစ်ခုကြောင့် တောက်!"

ဘဝမှာ ကိုယ့်ချစ်ရသူနှင့် ကိုယ့်ကို ချစ်သည့် သူမ။  အချိန်တိုလေး အတွင်းမှာ သူမ သိပ်ကို နာကျင်ခဲ့မည့်ကို သူ သိနေခဲ့လေသည်။

အချိန်တွေ နောက်ပြန်ဆုတ်၍ ရလျှင် သိပ်ကောင်းမည်။ သူမကိုလည်း မနာကျင်စေသလို သူလည်း နာကျင်အောင် လုပ်မိမည် မဟုတ်ပါ။

အခုတော့ အရာရာအားလုံးရဲ့ အဆုံးသတ်က နာကျင်ခြင်းတဲ့လား။
                    🎶🎶🎶

ဗိုက်လုံးလုံးလေးက တစ်နေ့တစ်ခြား ပိုပြီး ပူလာခဲ့လေသည်။ သူမကို သူ အချိန်တိုင်းငေးနေမိလေသည်။ အနားသာ မကပ်မိသော်လည်း သူ၏  အာရုံစိုက်မှုတိုင်းက သူမ ထံမှာသာ ရှိနေခဲ့လေသည်။

"အမေ "

လက်ထဲမှ ခေါက်ဆွဲကြော်ဗူးကို စားပွဲပေါ်တင်ရင်း ဟင်းချက်နေသော မိခင်ကို ခေါ်လိုက်မိလေသည်။ ဒေါ်သီသီလည်း သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး

"ဘာပြောမလို့လဲ အဂ္ဂါ"

မိခင် အမေးကြောင့် အဂ္ဂါ ခေါင်းကို တစ်ချက်ကုတ်လိုက်ပြီး

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now