"ဆူး ဘယ်ကိုထွက်သွားတာလဲ အမေ"
အပေါ်ထပ်မှ အမောတဇောပြေးဆင်းလာသော သားဖြစ်သူကို ကြည့်ကာ သက်ပြင်းကို ရှိုက်လိုက်ပြီး
"ဘာပြဿနာရှာဦးမလို့လဲ အဂ္ဂါ၊ ထားလိုက်ပါ၊ မင်း မနှစ်သက်တဲ့ မိန်းမကို မင်း ဘာလုပ်ဦးမလို့လဲ"
မိခင် စကားကြောင့် အဂ္ဂါ လက်ထဲက စာရွက်တွေကို လုံးခြေပစ်လိုက်ရင်း
"သူ့ကို မချစ်ဘူးလို့ ဘယ်သူပြောလဲ၊ ကွာပေးမယ်လို့ရော ဘယ်သူပြောလဲ၊ လုံးဝ မကွာပေးနိုင်ဘူး အမေ"
အရူးတစ်ယောက်လို ဖြစ်နေသည့် သားကို ဒေါ်သီသီ စိတ်မသက်မသာကြည့်ပြီး
"ထိုင်ပါဦး၊ မင်းနဲ့ အမေ စကားပြောကြရအောင်"
အမေ စကားကြောင့် သူ့ အမေ နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်လေတော့
"မင်းရင်ထဲမှာ ယိမ်းကို သိမ်းထားသ၍ ဆူး နဲ့ ပတ်သတ်ဖို့ မကြိုးစားနဲ့ အဂ္ဂါ၊ မင်း လုပ်ရပ်တွေ အရမ်းလွန်တယ်မထင်ဘူးလား"
မိခင်၏ မေးခွန်းကို အဂ္ဂါ ပြန်မဖြေနိုင် ဖြစ်ခဲ့လေသည်။
"မင်း ယိမ်းကို မမေ့နိုင်သေးဘူးလား"
လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး
"သား ယိမ်းကို ညီမလေးတစ်ယောက်လို သံယောဇဥ်ရှိနေတာပဲ ရှိတော့တာပါ မေမေ"
"ဒါဆို မင်း ပိတ်ထားတဲ့ အခန်းထဲ ဆူးဝင်တော့ ဘာလို့ ရန်လုပ်တာလဲ"
တစ်ခွန်းချင်း မေးနေသော မေမေ က အဂ္ဂါ အဖြေကို အေးဆေးစွာ စောင့်စားနေလေသည်။
"အိမ်နဲ့ ခြံကို ရောင်းခိုင်းတဲ့ အတွက် သား စိတ်လွှတ်သွားမိတာပါ မေမေ"
"မင်းကွယ်"
ဒေါ် သီသီ စိတ်ပျက်စွာ သားဖြစ်သူကို ကြည့်ပြီး
"မင်းကို မေမေ မပြောဘဲ နေတာ၊ မှော်ဘီက စိုက်ခင်းတွေ အကုန် အရှုံးပေါ်ကုန်ပြီ၊ မေမေ တို့ သားမိရဲ့ လက်ရှိစီးပွားရေးတစ်ခု အနေနဲ့ ရပ်တည်နေရတဲ့ အဓိက နေရာ၊ အဲ့စိုက်ခင်းတွေ ကို ပြန်တည်နိုင်ဖို့ မေမေမှာ ငွေလိုတယ်၊ ဒီငွေကို မေမေ ဘယ်ကရှာရမလဲ အဂ္ဂါ မင်းပြောစမ်း၊ မေမေ ကြံရမရတော့တဲ့ အဆုံး သမီးနဲ့ အရင်တိုင်ပင်ဖြစ်တယ်၊ နောက်ဆုံးအဖြေက ဒီခြံကို မေမေ ရောင်းဖို့ သမီးက အကြံပေးလာတယ်၊ ဒါကြောင့် ခြံရောင်းဖို့ မေမေ သားနဲ့ တိုင်ပင်ဖြစ်တာ"
YOU ARE READING
မ~~~နှလုံးသားနှင့်အနီးဆုံး
Romanceကျွန်တော်နဲ့ ခင်ဗျား လက်ထပ်တယ်ဆိုတာ စာချုပ်တစ်ခုပေါ်မှာပဲ၊ တကယ်တော့ ခင်ဗျား ကျွန်တော်က သူစိမ်းပဲ မင်းအဂ္ဂါ အရှက်သိက္ခာ အဟက်ရယ်တော့ရယ်ရသား၊ မိန်းကလေး အရက်သောက်ရင် အရှက်မရှိဘူးလို့ ဘယ်သူကပြောလဲ၊ အဟက် ငါကျ အရက်သောက်လို့ အရ...