15 U/Z

5.7K 126 3
                                    

🎶မ~~~နှလုံးသားနှင့်အနီးဆုံး🎶

🎶အပိုင်း ၁၅🎶

စိမ်းသက်နေသော ဆက်ဆံရေးကို သူ ပြန်လည်နွေးထွေးမှုရလိုသည်။ ထိုကြောင့် သူမ ဆူပူငြိုငြင်နေသည့်ကို မမှုလေဘဲ သူမ အနားမှာ တောက်တဲ့သဖွယ် သူ့ ကပ်နေမိလေသည်။  မွေးဖွားခါနီး ဗိုက်ပူပူလေးကို ကြည့်ပြီး သူ့မှာ မချင့်မရဲ ဖြစ်ခဲ့ရသည့်မှာလည်း ခဏခဏဖြစ်သည်။

ဗိုက်လုံးလုံးလေးနှင့် အိပ်ပျော်နေသော သူမကို ကြည့်ပြီး သူ့ ရင်ထဲ ယားကျိကျိ ဖြစ်လာခဲ့လေသည်။  တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းဖူးဖူးလေးကို မြတ်နိုးမဝစွာ ငေးကြည့်ရင်း ငုံ့နမ်းလိုက်စဥ် ဖျက်ခနဲ့ ပွင့်လာသော သူမ မျက်ဝန်းတွေ။

"အား"

လူကသာ အကောင်သေးသည်။ အားကတော့ အတော်လေးမှ သန်လွန်းလှလေသည်။  သူလို အားကောင်းမောင်းသံ ယောကျာ်းတစ်ယောက်ကို သေးသေးညှက်ညှက် သူမလို ဗိုက်ကြီးသည်လေးက ကုတင်အောက်ရောက်အောင် ကန်ချနိုင်သည့်က သိပ်တော့မခေပေ။

ဒေါသရောင်လဲ့ကာ သူ့ကိုကြည့်လာသော ချစ်ရသူ အမျိုးသမီးကို ရီဝေစွာ ကြည့်ပြီး ပြုတ်ကျ၍ နာသွားသော တင်ပါးကို လက်ဖြင့်ပွတ်ရင်း

"အတော် လက်သံပြောင်တယ်"

သူမ အနားတိုးရင်းပြောလာသော သူကြောင့် သူမ အောက်နှုတ်ခမ်းလေးကို ပြတ်ထွက်လုမတက်ကိုက်ရင်း

"နင်လိုကောင်က မျက်နှာသာ ပေးလို့ မရဘူး၊  နင့် ငါ့အသားကို ထိဖို့မကြိုးစားနဲ့၊ ဒီတစ်ခါဆို နင့်ကို တစ်ခုခုလုပ်ပစ်မယ်"

ကျားရဲမလေးသဖွယ် သူ့ကိုကျိန်းနေသော သူမလေးကို ကြည့်ပြီး သူ့ နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်မိလေသည်။

ဘယ်လိုပင် ဖြစ်ဖြစ် အခုအချိန်မှာ သူ့က သားကောင်။ သူမက မုဆိုး ဖြစ်နေပြီ မဟုတ်လား။

ရှိပါစေတော့။ ရှိစေတော့လေ။  သူ့ က အပြစ်ရှိသူ မဟုတ်လား။
                       🎶🎶🎶

"သားရေ သမီးလေး မွေးပြီ သိလား၊ သားလေး သားရယ်၊ ဖြူဖြူဖွေးဖွေးချစ်စရာလေးကွယ်"

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now