6 U/Z

5.8K 167 9
                                    

"ဆူး ငိုချင်ငိုချလိုက် ၊ နင် စိတ်ကို တင်းမထားနဲ့"

မာလာ ထိုစကားကို ပြောလေတော့  သူမ အသံတိတ်ငိုမိလိုက်လေသည်။  သူမ ရင်ထဲ မွန်းကျပ်နေလေပြီ။ ယောကျာ်းတစ်ယောက်ထံမှ  ရရှိသည့် အမုန်းတွေ တူးခါးနေရလေပြီ ဖြစ်သည်။ သူ့ သူ အငြိုးကြီးရက်လေပြီ။

"ငါ ဘီယာ သောက်ချင်တယ် မာလာ"

"ဟင်"

မာလာ ဆူး စကားကြောင့် ပြူးကြောင်ကြောင်လေး ဖြစ်သွားရပြီးမှ

"အင်း အများကြီးတော့ မသောက်နဲ့၊ နင် စိတ်ပြေလက်ပျောက် အများကြီးတော့ နည်းနည်းတော့ သောက်ပေါ့"

"အင်း"

မာလာလည်း ဆူးအတွက် စိတ်ထွက်ပေါက်တစ်ခု ရစေရန် အသိမိတ်ဆွေ တစ်ဦးရဲ့ ဆိုင်ကိုခေါ်ခဲ့လေသည်။ ဆူးလည်း ဘီယာဗူးကို တစ်ဗူးပြီး တစ်ဗူး ကောက်မော့နေရင်း

"အဟက် အချစ်၊ အချစ်ဆိုတဲ့ အရာက မီးလိုပဲ၊ ငါ့ ရင်ကို အရမ်းပူစေတယ်၊ ကိုယ့် ချစ်သလောက် ကိုယ့် ချစ်တဲ့သူက ကိုယ့်ကို ပြန်မချစ်တဲ့ အခါ သေလောက်အောင် နာကျင်ရတယ် အီး အီး"

အဂ္ဂါနှင့် ကောင်မလေး ဖက်နမ်းနေကြသည့်ကို မျက်ဝန်းထဲ ဝင်လာတိုင်း သူမ နှလုံးသားတွေ နာကျင်ရသည်။ နှလုံးသား တစ်စုံကို ဖိချေခံလိုက်ရသလို ထုံကျင်နေရလေသည်။

အစကတည်းက အဂ္ဂါကို သူမ မချစ်ခဲ့သင့်ဘူး။ ချစ်ခဲ့မိတဲ့ သူမကသာ သူ့ အတွက် နာကျင်ခဲ့ရပြီ ဖြစ်သည်။ အချစ်ရေးမှာ ဆူးပန်းရိပ်ဆိုတဲ့ မိန်းမကိုက ကံဆိုးလွန်းခဲ့တာပါ။
                          🎶🎶🎶

"ဆူး သတိထားဦး ၊ နင်တိုက်ခန်းကို ပြန်ရောက်ပြီ"

ဒယိမ်းဒယိုင် ဖြစ်နေသော ဆူးကို တွဲရင်း  မာလာတစ်ယောက် စိတ်ညစ်လာရလေသည်။ တကယ် မလွယ်သည့် အမူးသမားလေး။ ပါးစပ်ထဲရှိရာ လျှောက်ပြောရင်း သူ့ လင်တော်မောင်ကို ချစ်တဲ့ အကြောင်းတွေ ပြောခဲ့သည့်ကလဲ မမောနိုင်မပန်းနိုင်။

"ဒါက ဘယ်လိုဖြစ်လာတာလဲ"

အခန်းတံခါးဖွင့်သံနှင့်အတူ  မျက်မှောင်ကုတ်ကာ ကြည့်နေသော အဂ္ဂါကို တွေ့လိုက်ရသူက မာလာဖြစ်သည်။

မ~~~နှလုံးသားနှင့်အနီးဆုံးWhere stories live. Discover now